အမှုအခင်းတွေ
ဖြစ်ရင် သက်သေပြဖို့အတွက် လုံလောက်တဲ့ သက်သေတွေ လိုအပ်သလိုပဲ စာရင်းကိုင် လုပ်ထုံး
လုပ်နည်းတွေအရ အသုံးစရိတ်အတွက် သက်သေဖြစ်တဲ့ Voucher ပါမှ ငွေထုတ်ပေးလို့ရမယ်။ စာရင်းသွင်းခွင့်ရှိမှာ
ဖြစ်ပါတယ်။ ရုံးတွင်းသုံး Debit Voucher က စာရင်းကိုင်သုံး Voucher သာဖြစ်ပြီး သူ့ရဲ့နောက်မှာ
သက်သေအနေနဲ့ အသုံးပြုလာကြောင်း Voucher ယူဆောင်လာရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်
Taxi ခ ကဲ့သို့ Voucher မရသည့် payment များတွင် Acknowledgement Voucher ကို အသုံးပြုကြရမှာ
ဖြစ်ပါတယ်။ Acknowledgement Voucher မှာ အသုံးပြုထားသည့် ကိစ္စရပ်နှင် အသုံးပြုခဲ့သည့် ငွေကြေးကို
မှတ်တမ်း ရေးသွင်းပြီး အဆုံး မှာ အသုံးပြုလာတဲ့ သူက လက်မှတ်ရေးထိုးပေးထားရပါတယ်။ ပိုမိုခိုင်မာတဲ့အနေဖြင့်
အသုံးပြုခွင့်ပေးသည့် ဌာန မန်နေဂျာ သို့မဟုတ် တာဝန်ရှိသူက Approved နေရာမှာ လက်မှတ်ထိုးပြီး
ပြည့်စုံမှသာ ငွေစာရင်းဌာနမှာ ပြန်လည်ငွေတောင်းခံခွင့် ရရှိမှာ ဖြစ်ပါတယ်။ စာရင်းကိုင်တွေအနေနဲ့လည်း
Debit Voucher နောက်မှာတွဲပြီး စာရင်သွင်း ထိမ်းသိမ်းထားမှသာ ပြည့်စုံတဲ့ အသုံးစာရင်း
တစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။
နမူနာ
Acknowledgement Voucher ပုံစံကို Download ရယူရန်
Post နဲ့
ပတ်သတ်ပြီး ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ
ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့
အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို
Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your Lovely Emily
No comments:
Post a Comment