Thursday, May 31, 2018

စာရင်းကိုင်အများစု လွဲမှားနေကြတဲ့ Cash Flow Statement အကြောင်းလေး အတူတူ လေ့လာကြည့်ကြရအောင် ရှာတွေ့ထားတာလေး တင်ပေးလိုက်ပါတယ်။



IAS 7 - Cashflow statement
Cash flow ststement ရဲ့ ရည်ရွယ်ချက်က accrual accounting စနစ်နဲ့ ရေးဆွဲပြီးထွက်လာတဲ့ SOPL မှာထွက်လာတဲ့ non cash items တွေထုတ်ပယ်ပြီးတော့ ဘယ်အပိုင်းက ငွေဝင်တယ် ဘယ်အပိုင်းက ငွေထွက်တာလဲဆိုတာကို စိစစ်ပြီး လုပ်ငန်းဟာ အမှန်တစ်ကယ် မြတ်နေတာလား - မြတ်နေရင် Cash ရှိနေသလား အစရှိသဖြင့် ဆန်းစစ် တာဖြစ်ပါတယ်
Cash flow ststement မှာ အဓိကအနေနဲ့ အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ အဲဒါတွေကတော့
(၁) Operating activites
(၂) Investing activities
(၃) Financing activities
Cash flow statement ကို ရေးဆွဲရာမှာ Direct method (သို့) Indirect medhtod နဲ့ ရေးဆွဲလေ့ ရှိပါတယ်။ အခုပို့စ်မှာတော့ အများအသုံးပြုတဲ့ Indirect method ကို ရှင်းပြမှာ ဖြစ်ပါတယ်။
Indirect method မှာ operating activities ကနေ စပါတယ်။ များသောအားဖြင့် Profit before interest and tax ကိုတည်ပြီးတော့ adjustment
ပြုလုပ်ပေးရပါတယ်။ Adjustment လုပ်တဲ့အခါမှာ ငွေသားတိုးရင် ပေါင်းပေးရမှာ ဖြစ်ပြီး ငွေသား လျော့နည်းသွားရင်တော့ နှုတ်ပေးရမှာ ဖြစ်ပါတယ်။
ငွေသားတိုးတာတွေ မဟုတ်ဘဲ Assets နဲ့ Liabilities တွေ တိုးတာ /လျော့တာဆိုရင်တော့ ပြောင်းပြန် စဉ်းစားပေးရပါမယ်။
(add) Depreciation ကို အမြဲတမ်း ပြန်ပြီးတော့ ပေါင်းပေးရမယ်
(minus/ addd) Gain/loss on disposal of property, plant and equipment
disposal အရှုံးအမြတ်ကို ကြည့်ပြီးတော့ အရှုံး loss ဆိုရင်ပေါင်းပေးရမှာ ဖြစ်ပြီတော့ မြတ်တယ် - profit ဆိုရင် တော့ နှုတ်ပေးရပါမယ်။
ဘာလို့ အရှုံးကို ပြန်ပေါင်းပေးရသလည်း ဆိုတော့ Income statement မှာ အရှုံးကို နှုတ်ထားလို့ဖြစ်ပြီး
အမြတ်ကို ပြန်နှုတ်ပေးရတာကတော့ Income statement မှာ ပေါင်းထားလို့ပဲ ဖြစ်ပါတယ်။
ပြီးရင်တော့ Working Capital Items တွေကို adjustment ပြုလုပ်ပေးရပါမည်။ ဘာကြောင့်လည်း ဆိုတော့ Accrual basic နဲ့ စာရင်းဆွဲထားလို့ပါ။
Assets တွေ တိုးလာရင် နှုတ်ပါမယ်။ လျော့သွား ရင် ပေါင်းပါမယ်။ Liabilites တွေ တိုးလာရင် ပေါင်းပါမယ်။ လျော့သွားရင် နှုတ်ပါမယ်။
Assets တွေ တိုးလာတာ ဘာကြောင့် နှုတ်ပေးရတာလဲ?
Inventory
====
Inventory တိုးလာတာ ကုန်လက်ကျန်တွေ ဝယ်လိုက်လို့ပါ။ ဝယ်လိုက်တော့ ငွေထွက်ပါတယ်။ ဒါကြောင့် Cash flow မှာ နှုတ်ရပါတယ်။
Inventory လျော့သွားတာဟာ ရောင်းလိုက်ရလို့ပါ ။ ကုန်ရောင်းရတော့ ငွေတွေ ဝင်ပါတယ်။ ဒါကြောင့် Cash flow မှာ ပေါင်းရပါတယ်။
(minus) Increase in inventory
(add) decrease in inventory
Trade Debtors and other receivables
======
အကြွေးရောင်းရတာ များလာတာဟာ Revenue တော့တိုးပါရဲ့ ငွေကမရသေးတဲ့ ရောင်း ချမှုတွေကြောင့် Debtor တိုးပါတယ်။။ အကြွေး မရတော့ Cashflow ကို
အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် Trade debtors နဲ့ other receivable တိုးလာရင် Cash flow မှာ နှုတ်ပေးရပါတယ်။
Debtors ဆီက အကြွေးရလာတော့ ငွေရလာတာပေါ့။ Debtors လျော့တာဟာ အကြွေးပေးထားတာတွေကနေ ငွေ ရလာတာကြောင့် ငွေသား များလာပါတယ်။
(minus) Increase in Trade debtors and other receivables
(add) Decrease in Trade debtors and otehr receivables
Suppliers and other payables
======
အကြွေးရှင်တွေကို ပေးစရာရှိတာ မြန်မြန်မပေးဘဲ ဖြေးဖြေးပေးတော့ ငွေတွေ လက်ထဲမှာ ကျန်တော့ ငွေသားစီးဆင်းမှု ကောင်းတာပေါ့။ အကြွေးရှင်ကို မပေးတော့
Supplier တွေ တိုးတာပေါ့။ Supplier တိုးတော့ cashflow ease ဖြစ်စေတာကြောင့် Cash flow မှာ ပေါင်းပေးရပါတယ်။
အကြွေးရှင်တွေကို ပေးစရာရှိတာ မြန်မြန်ဆန်ဆန် ပေးလိုက်ရင် ငွေတွေ လက်ထဲမှာ မရှိတော့ဘဲ ငွေသားစီးဆင်းမှု ခက်ခဲစေပါတယ်။ Supplier လျော့သွားတော့ Cash တွေ ကိုယ့်ဆီကထွက်တာကြောင့် Cashflow မှာ နှုတ်ပေးရပါတယ်။
(add) Increase in Suppliers and other payables
(minus) Decrease in Suppliers and other payables
ဒီအဆင့်ကို ရောက်ရင်တော့ Cash generated from operations လို့ခေါ်ပါတယ်။ Cash deficit ဖြစ်နေရင်တော့ Cash used in operating activities လို့ သုံးပါတယ်။
နောက် အဆင့်တစ်ခုကတော့ Interest and tax paid ပါ။
Interest paid ကို တွက်ချက်ရာမှာ မနှစ်က ပေးရန်ရှိ SOFP မှာ ပါလာတာကို တည်ရပါမယ်။ ပြီးရင် ဒီနှစ် charge လုပ်တဲ့ Interest ကို ပေါင်းပေးရပါမယ်။ နောက်ဆုံးမှာတော့
လက်ကျန်ဘယ်လောက် ရှိသလည်း ဆိုတဲ့ SOFP closing balance ကို နှုတ်ပေးရင် interest paid during the year ကို ရပါမယ်။
Interest paid working (Example)
=====
Balance due on operating SOFP - 0
Add: interest charge - 210
Less: Balance liability stil due on closing SOFP - nil
= interest paid during the year - 210
Taxation paid working (Example)
=====
Current tax liability due on opening SOFP - 400
Add: deferred tax liability - 0
Add: tax charge for the year - 500
Less: current tax liability stil due on closing - 500
Less: deferred tax liability still due on closing - 0
= tax paid during the year = 400
(minus) Interest paid - 210
(minus) Tax paid - 400
အတိုးပေးတာ၊ အခွန်ပေးတာ တွေက ငွေထွက်တာကြောင့် Cash flow မှာ နှုတ်ပါတယ်။
ဒါပြီးရင်တော့ Cash flows from investing activities ကို တွက်ချက်ရပါမယ်။ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာတွေ ပေါ့။ လုပ်ငန်းသုံး ဖို့ PPE ဝယ်တာ, မလိုလို့ ပြန်ရောင်းတာ၊
Investment လုပ်တာ - ပြန်ရောင်းတာတွေပေါ့။
(minus) Acquisition of subsidiary net of cash acquired
subsidiary တွေ ဝယ်လိုက်ရင် ငွေထွက်တာကြောင့် Cash flow မှာနှုတ်ပါတယ်။
(minus) Purchase of PPE
ပုံသေပိုင်ပစ္စည်းတွေ ဝယ်တော့ ငွေထွက်တာမို့ Cash flow မှာနှုတ်ပါတယ်။
(add) Proceeds from sales of PPE
ပုံသေပိုင်ပစ္စည်းတွေ ရောင်းရင် ငွေဝင်တာမို့ Cash flow မှာ ပေါင်းပါတယ်။
(add) Interest received
အတိုးရရင် ငွေတိုးတာကြောင့် ပေါင်းပါတယ်။
(add) Dividends received
အမြတ်ဝေစုရတာဟာ ငွေတိုးတာကြောင့် ပေါင်းပါတယ်။
ဒါဆိုရင် Net cash used in investing activities ကို ရပါပြီ။
ပြီးရင်တော့ Cash flows from Financing activities ကို တွက်ချက်ရပါမယ်။
ကုမ္ပဏီက ရှယ်ယာထုတ်လား, ငွေချေးလား, Dividends ပေးလား အစရှိတာတွေ ကြည့်ရပါမယ်။
(add) Proceeds from issurance of share capital
ရှယ်ယာထုတ်ရောင်းတော့ ငွေဝင်တာကြောင့် ပေါင်းပါတယ်။
(add) Proceeds from long-term borrowsings
နှစ်ရှည်ချေးငွေတွေ ရလို့ ငွေဝင်တာကြောင့် ပေါင်းပါတယ်။
(minus) payment of finance lease liabilities
Finance lease ပေးစရာတွေ ရှိလို့ ပေးလိုက်ရင် ငွေထွက်တာကြောင့် နှုတ်ပါတယ်။
(minus) Dividends paid
အမြတ်ဝေစုတွေ ပေးတာဆိုတော့ ငွေထွက်တာကြောင့် နှုတ်ပေးပါတယ်။
ဒီအဆင့်မှာ Net cash used in financing activities ကိုရပါမယ်။
ပြီးရင် အပေါ်က တစ်ဆင့်ချင်းစီမှာ ရထားတဲ့ ဟာတွေကို ပြန်ပေါင်းလိုက်ရင် Net increase/(decrease) in cash and cash equivalents ကို ရပါမယ်။
နောက်ဆုံးအနေနဲ့ Opening cash balance ကို ပေါင်းပေးလိုက်ရင်တော့
Closing cash balance ကို ရပါမယ်။

#Credit