Showing posts with label HR. Show all posts
Showing posts with label HR. Show all posts

Tuesday, July 17, 2018

မိမိအတွက် အဆင်အပြေဆုံး အလုပ်ကို ရွေးချယ်မယ်။


ဒီနေ့ခေတ်အလုပ်ရှားနေတဲ့ အချိန်မှာ ဒီ အကြောင်းရေးရမှာ နည်းနည်းတော့ ရယ်ချင်စရာဖြစ်နေမလားမသိဘူး။ ဒါပေမယ့် Admin လည်း ဒီလိုအလုပ်ရှားတဲ့ ခေတ်မှာ ဒီလိုပဲအလုပ်ရွေးခဲ့တာ အဆင်ပြေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပထဦးဆုံး ပြောချင်တာကတော့ အလုပ်ရွေးရတဲ့ လူတစ်ယောက် ဖြစ်အောင် မိမိကိုယ်ကိုယ် အခြေခံကစ ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ လုံလောက်တဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ လုံလောက်တဲ့အတွေ့အကြုံ တွေရအောင်တော့ မိမိဘက်က အချိန်ပေးပြင်ဆင်ထားရပါလိမ့်မယ်။ အများနဲ့ ယှဉ်ပြိုင်နေရတဲ့ ခေတ်မှာ ရွေးစရာတွေ အများကြီးထဲက မိမိကို ရွေးချယ်ဖို့ ဆိုရင်တော့ မိမိကိုယ်တိုင်က အများနဲ့မတူ တမူထူးပြီး တစ်နေရာမှာ သာနေအောင်တော့ မိမိဘက်က အချိန်ပေးကြိုးစားထားရပါလိမ့်မယ်။

ကဲ ဒီနေ့ကတော့ အလုပ်ရွေးမယ့် အကြောင်းပြောမှာဆိုတော့ ပြင်ဆင်တဲ့ အပိုင်းတွေကိုတော့ သီးသန့်ဖတ်လို့ ရအောင် ဆောင်ပါးအောက်ဆုံးမှာ ပြန်ညွှန်းပေးထား ပါမယ်နော်။

၁။ တည်နေရာ

အလုပ်တွေ စလျှောက်ပြီ ဆိုကတည်းက မိမိအမြဲတမ်း နေထိုင်ရာနေရာနဲ့ အနီးဆုံး၊ မဟုတ်ရင်လည်း သွားလာရ လမ်းကြောင်း သင့်တဲ့ နေရာက အလုပ်တွေကိုသာ ရွေးချယ် ထားသင့်ပါတယ်။ အလုပ်လျှောက်နေတုန်းတော့ အလုပ်ရချင်စောနဲ့ ရရာ လုပ်မယ်ဆိုပြီး ဝေးတဲ့နေရာတွေ၊ လမ်းကြောင်းမသင့်တဲ့ နေရာတွေ ရွေးချယ်မိခဲ့ရင်။ နေ့စဉ် အလုပ်သွားရာမှာ အဆင်မပြေနိုင်ပါဘူး။ တစ်ရက်နှစ်ရက်လည်း မဟုတ် အဆင်ပြေနေသမျှ နေ့စဉ်သွားနေရမယ့် လမ်းခရီး ဖြစ်လို့ နေရာရွေးချယ်မှုကလည်း အရေးကြီးပါတယ်။

၂။ မိမိအတွက် အခွင့်အလမ်း

အလုပ်ကတော့ ရတာဟုတ်ပါပြီ။ အလုပ်လုပ်နေစဉ်အတွင်း မိမိအတွက် ပညာရနိုင်မလား၊ မိမိကြိုးစားရင် ကြိုးစားသလောက်ကော ရာထူး တက်နိုင်မလား၊ မိမိပင်ပင်ပန်းပန်း ကြိုးစားပြီး နှစ်ရှည်လုပ်ရလောက်အောင်ကော လုပ်ငန်းက ခိုင်မာရဲ့လား စတာတွေ Interview ဖြေကတည်းက မေးသင့်တာမေး၊ အပြင်ပန်း လေ့လာသင့်တာ လေ့လာ၊ မိမိကိုယ်တိုင် လုပ်ငန်းရဲ့ Website တို့ Facebook Page တို့ကနေ စုံစမ်းသင့်တာ စုံစမ်း ပြုလုပ် သုံးသပ်သင့်ပါတယ်။

၃။ လစာ

လုပ်ခ လစာအနေနဲ့ မိမိ ရောက်နေတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ လစာ ရရှိဖို့ကလည်း အရေးကြီးပါတယ်။ မိမိရဲ့ လစာကို မိမိကိုယ်တိုင် သတ်မှတ်ရမယ့် အနေအထားကို ရောက်နေပြီဆိုရင်တော့ မိမိနဲ့ထိုက်တန်တဲ့ လစာ ရရှိဖို့ အလုပ်က စဉ်းစားပေးရဲ့လား ဆိုတာလည်း အရေးကြီးပါတယ်။ ငွေအတွက် အလုပ်လုပ်နေကြတာ မဟုတ်ဘူးဆိုပေမယ့်၊ မိမိနေ့စဉ်ဘ၀ လှုပ်ရှားသွားလာ စားသောက် သုံးစွဲဖို့ မိမိရဲ့ တာဝန်ယူထားတဲ့ အလုပ်နဲ့ ကိုက်ညီတဲ့ လုပ်ခလစာတော့ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။

ကဲ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားလို့ အဆင်ပြေတဲ့ အလုပ်ခွင်ကို တွေ့ပြီဆိုရင်တော့ မိမိကိုယ်တိုင်ကသာ အကောင်းဆုံး ကြိုးစားဖို့ အကြံပေးလိုက်ပါတယ်နော်။

Your Lovely Emily

တစ်သက်လုံး အသက်မွေးဝမ်းကျောင်းပြုမယ့် အလုပ်ကို ဘယ်လိုရွေးချယ်ကြမလဲ?

ဒီနေရာမှာ ပြောချင်တာကတော့ တစ်သက်တာအတွက် အသက်မွေးဝမ်းကျောင်းပြုမယ့်အလုပ်ကို ရွေးချယ်ကြတဲ့ နေရာမှာ မှားယွင်းနေတာလေးတွေ ရှိနေပါတယ်။ မိမိလျှောက်မယ့်လမ်းကြောင်းကို ရွေးချယ်တဲ့ နေရာမှာ မိမိကိုယ်ကို မလေ့လာဖြစ်ကြဘဲနဲ့ ပတ်ဝန်းကျင်က လူတွေ ဘာတွေလုပ်နေကြသလဲ ဘယ်လိုအလုပ်မျိုးက ပိုမိုတွက်ခြေကိုက်မလဲ ဆိုတာအပေါ် မူတည်ပြီး ရွေးချယ်လာကြတာကို တွေ့နေရပါတယ်။ ဒီနည်းလမ်းက မိမိအတွက် မိမိကိုယ်ကို ပိတ်လှောင်သလို ရွေးချယ်မှုမျိုးကို လုပ်မိတာ အချိန်တွေကုန်သွားမှ နောင်တရနေတာမျိုးတွေ ဖြစ်နိုင်လို့ပါ။



မိမိအတွက် ၀ါသနာပါနေတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ မိမိအတွက် ပျော်ရွှင်စရာကောင်းနေတဲ့ အလုပ်ကသာ မိမိကိုယ်ကိုယ်ကော၊ မိမိပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲစေမှာပါ။ ဒီတော့ မိမိကိုယ်ကို ဘာဝါသနာပါလဲ မရေရာဘဲ မိမိဘာလုပ်သင့်လဲ မသိသေးသူတွေအတွက် အောက်ပါ အချက်လေးတွေကို စမ်းစစ်ကြည့်ကြရအောင်...

၁။ ကိုယ်ဘယ်အလုပ်လုပ်ရရင် ပျော်သလဲ (သို့ ) ဘယ်လို အလုပ်မျိုး လုပ်ရင် ထူးချွန်လာမှာလဲ ဆိုတာကို ရှာဖွေရပါမယ်။

အသက်ငယ်ရွယ်ချိန်မှာ သေချာမသိသေးတာမျိုးလည်းဖြစ်နိုင်တာကြောင့်
လုပ်အားပေးပုံစံခွင့်ပြုမယ့် လုပ်ငန်းရှင် တွေထံချဉ်းကပ်သင့်ပါတယ်။
အစမ်းလုပ်ကြည့်တဲ့အခါ ကိုယ်စိတ်ကူးထားတဲ့အလုပ်နဲ့ ကိုက်ညီမှုရှိမရှိ သတိပြုမိပါလိမ့်မယ်….


၂။ ဘယ်လိုရှာဖွေရမလဲ?

စာတွေအများကြီးဖတ်ပြီး ရှာဖွေဖို့ လိုပါတယ်။ အချက်အလက်တွေစုဆောင်းရမယ်။
ကိုယ်ကလည်း ပျော်မယ်၊ ကိုယ့်အနေနဲ့ လုပ်ရတာ အဆင်ပြေမယ်ဆိုရင်တော့ တသက်လုံးလုပ်သွားဖို့မခက်တော့ပါဘူး။ အဲ့သလို အလုပ်ကို မတွေ့မချင်း ရှာဖွေမှုကို မရပ်တန့် ပါနဲ့ ။
တဖြည်းဖြည်းနဲ့ ကိုယ်နဲ့ ကိုက်ညီမယ့်အလုပ်ကို ရှာရတာ ဘောင်ကျဉ်းသွားပါလိမ့်မယ်။
အလုပ်တစ်ခုကို လုပ်ရတာ ပျော်တယ်၊ ကိုယ်လုပ်ရတာလည်း အံ့ဝင်ဂွင်ကျဖြစ်မယ်ဆိုရင်တော့
World class. ကမ္ဘာ့ပထမတန်းစားအဆင့်ထိ ရောက်ဖို့
လွယ်ကူသွားပါလိမ့်မယ်။


၃။ ငွေကို အခြေပြုမစဉ်းစားပါနဲ့ ။ တိုးတက်ဖွံ့ဖြိုးမှုကိုရှေးရှုပါ။

ကျွန်မတို့ အလွဲကြီးလွဲတတ်တဲ့ အလွဲတစ်ခုကတော့ ငွေကို ဗဟိုပြုစဉ်းစားတာမျိုးပါ...
ဒါဟာလည်း မထူးဆန်းပါဘူး… လူ့ အသိုင်းအ၀ိုင်းရဲ့ဖိအားပေးခံရတယ်၊
ဆွေမျိုးတသိုက်က ၀င်ရောက်ခြယ်လှယ်တာတွေရယ်၊အများအကြိုက်နောက်လိုက်ရတာတွေရယ်၊ သူတပါးနဲ့ မတူဘဲ ကွဲပြားနေတာကိုစိုးရိမ်နေရတာရယ် အမျိုးမျိုးဖြစ်နိုင်ပါတယ်...

အဲ့ဒါကြောင့် ငွေနဲ့ အများအကြိုက်နောက်ကို မလိုက်ပါနဲ့ ။
ကိုယ့်နှလုံးသားကလာတဲ့ ဖြစ်ချင်တဲ့အလုပ်ကိုသာ ရှာပါ။ နေ့စဉ် တိုးတက်အောင်လုပ်သွားပါ။ ငွေနဲ့အောင်မြင်မှုတွေက နောက်ကလိုက်လာပါလိမ့်မယ်။

၎။ ကိုယ့်အကြောင်းကို အသေးစိပ်သိအောင်လုပ်ပါ။

ကိုယ့်အကြောင်းကိုယ် သေချာသိနေရင် ဘယ်အရာတွေကိုလက်ခံရမလည်း ဘယ်အရာတွေ ငြင်းဆန်ရမလည်း အမြင်ရှင်းသွားပါလိမ့်မယ်။
ကိုယ်ဟာ စိတ်အပြောင်းအလဲ သိပ်မြန်လွန်းတဲ့သူများလား?
လူအများနဲ့ ဆက်ဆံရတာ ပျော်တဲ့လူမျိုးလား?
ခရီးထွက်ပြီး အစားအသောက်ကြိုက်တဲ့သူမျိုးလား?
အခန်းထဲအောင်းပြီး တကုပ်ကုပ်လုပ်ရတဲ့ စက်ပိုင်းဆိုင်ရာတွေလုပ်နေရရင် ကျေနပ်နေသူမျိုးလား
အသေးစိပ်သိအောင်လုပ်ပါ။

၅။  နောင်ဘာဖြစ်လာမလည်း သိပ်တွေးပူမနေပါနဲ့ ။ လုပ်စရာရှိတာ ခုပဲစလုပ်ပါ။


ကိုယ်တကယ်ချစ်တဲ့အလုပ်၊ ပျော်တဲ့အလုပ်ကို တွေ့ပြီဆိုရင် စွန့် စွန့် စားစား စလုပ်ပါ။
ဘ၀ဆိုတာ ဘာပြီး ဘာဖြစ်မယ်ဆိုပြီး ပါဆယ်ထုပ်လို ရောက်မလာပါဘူး။
အဲ့သလို ကြိုတင်မသိနိုင်ခြင်းသည်ပင်လျှင် ထူးကဲသော အရသာတစ်မျိုးပေးပါတယ်။
လုပ်ရင်းကိုင်ရင်းနဲ့ သိစရာတွေ သိလာပါလိမ့်မယ်။
အတွေ့အကြုံတွေက သင်ပေးပါလိမ့်မယ်။
ဒါ့ကြောင့် ကြိုတင်မသိနိုင်တဲ့ မရေရာခြင်းထဲကို တိုးဝင်ဖို့ ဝန်မလေးပါနဲ့ ။


Blog လေးကို ဝေဖန်အကြံပြုချင်ရင် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily


Monday, July 16, 2018

စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် စာအုပ်များ လေ့လာကြည့်ကြပါစို့

လုပ်ငန်းတစ်ခု စနစ်တကျ တည်ထောင်ခြင်း၏ အဓိက အသက်သွေးကြောဖြစ်တဲ့ စီမံခန့်ခွဲမှုပညာနဲ့ ပတ်သတ်ပြီး လေ့လာလိုသူများ စာအုပ်ပုံများကို ထောက်ကာ Download ဆွဲ ပြီးလေ့လာနိုင်ပါပြီ။

1. Creating a More Human Workplace Where Employees and Business Thrive
http://zipansion.com/2Ifwx

 2. Cultural Intelligence: The Essential Intelligence for the 21st Century

http://zipansion.com/2Ig24

 3. Shaping an Ethical Workplace Culture

http://zipansion.com/2Ig70

4. Leading Effective Change: A Primer for the HR Professional

http://zipansion.com/2IgAR


Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily







Wednesday, July 11, 2018

တစ်လ ၀င်ငွေ ဘယ်လောက်ရသင့်ပြီလဲ



Meeting ခန်းတစ်ခု အတွင်းတွင် ဖြစ်သည်။ MD မှ ယခုလမှ စတင်ပြီး ၀န်ထမ်းတွေ လစာ တိုးမြှင့် ခံစားရမည်ဖြစ်ကြောင်း ကြေငြာချက်နှင့်အတူ Meeting ခန်းသည် သာမာန်ထက် လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားသည် ထင်မိသည်။ မိမိတို့ဝန်ထမ်းတွေကို အသိအမှတ်ပြုခံရသည့် ပီတိနှင့်အတူ တိုးမြှင့်ရမည့် လစာငွေအတွက် စိတ်ဝင်တစားရှိလှသည်။ အစည်းအဝေးအဆုံးတွင် MD က ဘာမေးစာရှိသေးလဲ ဟု မေးမြန်းရာတွင် ၀န်ထမ်းအမျိုးသမီးတစ်ယောက်က ၀မ်းပန်းတသာဖြင့် ကျွန်မတို့ လစာ ဘယ်လောက်အထိ တိုးရကြမှာပါလဲ ဟု မေးလိုက်သည်။ ဒီအချိန်တွင် အားလုံး သိချင်နေသော မေးခွန်းကို သူမက မေးလိုက်ပေမယ့် အဖြေကတော့ မထင်မှတ်ထားသော တစ်သက်မမေ့နိုင်သော သင်ခန်းစာ ရခဲ့တဲ့ အဖြေ ဖြစ်ခဲ့ပါတယ်။

" ကိုယ့်ကိုကိုယ် ဘယ်လောက်အထိ တိုးရသင့်ပြီလို့ ထင်ပါသလဲ တဲ့"

ဒီစကားတစ်ခွန်းဟာ အတွေးတွေများစွာ ရခဲ့တယ်၊ ဘ၀အတွက်လည်း မှတ်သားစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့ အလုပ်လျှောက်ကြတယ် ဒီလိုနဲ့ လုပ်ငန်းတွေဘက်က သတ်မှတ်ပေးတဲ့ လစာဝင်ငွေတွေကိုပဲ ရကြရတယ်။ ဒါကတော့ ပညာသင်ရမယ့်အနေအထား အလုပ်သင် ပေါက်စလေးတွေ ဘ၀မှာတော့ ငြင်းဆန်လို့ မရပေမယ့်။ မိမိကိုယ်တိုင် နေရာအနေအထား တစ်ခု ရောက်လာတဲ့ အခါမှာတော့ မိမိရသင့်တဲ့ လုပ်ခလစာကို မိမိကိုယ်တိုင်ကသာ သတ်မှတ်ခွင့်ရရှိရမှာ ဖြစ်ပါတယ်။

မိမိရောက်နေတဲ့ နေရာ မိမိယူရမယ့်တာဝန် စတာတွေနဲ့ ယှဉ်ပြီး မိမိအတွက် ထိုက်သင့်တဲ့ အဖိုးအခကို ရခွင့် ရှိရပါမယ်။ ဒီလိုမျိုး သတ်မှတ်ခွင့် ရနိုင်အောင်လည်း မိမိကိုယ်တိုင်က တန်တဲ့ Service တစ်ခု ပြန်ပေးနိုင်အောင် ကြိုးစားထားဖို့ လိုပါတယ်။

မိမိကိုယ်ကို ရောင်းကုန်တစ်ခုလို စဉ်းစားကြည့်ကြရအောင်။ ၀ယ်ယူသူ တွေအနေနဲ့ အများနဲ့တူနေတဲ့ အရာတွေအတွက် ထူးထူးခြားခြား ဘယ်သူမှ ပေးပြီး ၀ယ်ချင်ကြမှ မဟုတ်ပါဘူး။ မိမိထုတ်ကုန် တစ်ခု ၀န်ဆောင်မှု တစ်ခု ကို တန်ရာတန်ကြေးနဲ့ မြင်သူတစ်ကာ လိုချင်ဖို့ဆိုရင်တော့ ၀ယ်ယူသူကို ဆွဲဆောင်နိုင်ဖို့ အများနဲ့မတူတဲ့ အရည်အချင်းတွေပြသနိုင်ဖို့တော့ လိုပါလိမ့်မယ်။

နောက်တစ်ခုကတော့ မိမိတန်ဖိုးကို အသုံးဝင်မယ့်၊ အသုံးပြုတတ်မယ့်၊ တန်ဖိုးထားတတ်မယ့် အလုပ်ခွင်ကို ရှာဖွေနိုင်ဖို့လည်း လိုအပ်ပါတယ်။ 

မိမိရဲ့တန်ဖိုးဆိုတာ မိမိရဲ့ ၀န်ဆောင်မှု အထူးသဖြင့် မိမိအရည်အချင်းနဲ့ မိမိပေးရမယ့် အချိန်၊ မိမိ စိုက်ထုတ်ရမယ့် စွမ်းအင်တွေကို ကိုယ်စားပြုထားတာဖြစ်လို့ မိမိတန်ဖိုးကို မိမိသတ်မှတ်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

Your Lovely Emily

Tuesday, July 3, 2018

ခွင့်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ


HR Department မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မိတ်ဆွေများ နှင့် လိုအပ်သူများ PDF File ဖြင့် Download ရယူနိုင်ပါပြီ။

http://zipansion.com/1xnlF

Your Lovely Emily

ဒီ Blog လေးကို ဝေဖန်အကြံပြုလိုလျှင် Comment Box မှာ စာချန်ခဲ့နိုင်ပါတယ်။ Blog ထဲကဆောင်းပါးအသစ်တွေကို စဉ်ဆက်မပြတ်ပြန်လည်မျှဝေပေးနေတဲ့ My Learning Diary Facebook Page လေးကိုလည်း Like & See First လုပ်ထားကြဖို့ကိုလည်း မမေ့ကြပါနဲ့နော်။

Monday, July 2, 2018

Interior Design and Landscaping တွေမှာ အသုံးများလာတဲ့ Google Product ဖြစ်တဲ့ SketchUp ကို လေ့လာမယ်။


SketchUp ဆိုတဲ့ ဆော့ဝဲလ်လေးကို Europe တို့ Thai တို့မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ တော်တော်ကို အသုံးနည်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တွင်ကျယ်လာမှာကတော့ အသေအချာပါ။ အချိန်ကုန် သက်သာတဲ့အပြင် ကွန်ပျူတာရဲ့ Performance ကိုလဲ 3D Max တို့ဘာတို့လောက် မလိုအပ်တာကြောင့် ပိုမို အဆင်ပြေစေပါတယ်။


ဒါအပြင် သူများဆွဲထားပြီးသားတွေကို အွန်လိုင်းမှာ Upload တင်ထားပေးတာကြောင့် လိုအပ်ရင် ယူပြီးအသုံးချနိုင်တဲ့ SketchUp 3D Warehouse http://sketchup.google.com/3dwarehouse/ ကြီးရှိတာကြောင့် တစ်ချို့ အရာတွေကို မိမိဘာသာ အချိန်ကုန်ခံ ဆွဲစရာမလိုပဲ ခေါ်ယူ အသုံးပြုနိုင်ပါတယ်။ ဥပမာ ရုံးခန်းတစ်ခုပုံစံကို ဒီဇိုင်းစဉ်းစားနေစဉ်မှာ Printer တစ်လုံးကို အချိန်ကုန်ခံ ဆွဲစရာမလိုပါဘူး၊ Warehouse ထဲကယူလိုက်ရုံပါပဲ။


SketchUp Software ကိုလေ့လာဖို့အတွက် အော်တိုကဒ်တတ်ထားပီးသား ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် SketchUp က Command Icon တွေက တစ်ခါတစ်ရံ တစ်ခုတည်းကို Command နှစ်ခု အနေနဲ့ အသုံးပြုတတ်ပါတယ်။ ဥပမာ- Copy နဲ့ Move ကို Icon တစ်ခုထဲ အသုံးပြုရပါတယ်။
ဒါပေမယ့် အလွယ်တကူ လေ့လာနိုင်ဖို့ အွန်လိုင်းမှာ Tutorial တွေ အများကြီး ရှိတာကြောင့် တစ်ခြားသော Software တွေထက် ပိုမို လွယ်ကူစွာ လေ့လာ သင်ယူနိုင်ပါတယ်။
SketchUp Software ကို ရိုးရိုးနဲ့ Pro ဆိုပီး နှစ်မျိုးရှိပါတယ်။

SketchUp ကို Self Learning လုပ်ဖို့အတွက်ကိုတော့ မြန်မာလိုကော PDF လေးတွေ စုပေးထားတာဖြစ်လို့ Download လုပ်ပြီး လေ့လာကြည့်လိုက်ပါအုန်းနော်....


 SketchUp Tools Basic ( PDF 2.3 MB)

http://zipansion.com/1wDNM

SketchUp Myanmar Version (PDF 2.2 MB)

http://zipansion.com/1wDQ3

Download ဆွဲရာတွင် အဆင်ပြေမှုမရှိပါက (သို့မဟုတ်) My Learning Diary Blog အတွက် ဝေဖန်အကြံပြုလိုပါက Comment Box တွင် စာချန်ထားနိုင်ပါတယ်နော်။

Your Lovely Emily 

Monday, June 25, 2018

"အကောင်းဆုံး အင်တာဗျုး ဖြေနည်း"


ကိုယ့်စိတ်ကြိုက်လျှောက်ထားတဲ့ အလုပ်က အင်တာဗျူးခေါ် ပြီဆိုရင် ၀မ်းသာကြပေတော့။ အလုပ်ရဖို့ တ၀က်သေချာပြီ။အလုပ်ခန့် မယ့်သူက သူ့ စိတ်ထဲမှာ အလုပ်နဲ့  သင့်တော်မယ်လို့  မထင်ရင် အချိန်ကုန်ခံပြီး မေးမြန်းနေမှာမဟုတ်ဘူး။အဲဒီတော့ ကိုယ့် ဖက်က လုပ်ရမှာက အင်တာဗျုးအတွက် အစွမ်းကုန် ပြင်ဆင်ရမှာ။ Prepare, Prepare, Prepare ပေါ့ ။ ဒီအဆင့် ကို ကောင်းကောင်းကျော်ရင် ကိုယ်လို ချင်တဲ့ အလုပ်ရပြီ။
အဲဒီတော့ ဘယ်လိုပြင်ဆင်ရမလဲ…
အင်တာဗျုးမဖြေခင်မှာရော၊
ဖြေမယ့်အချိန်၊ဖြေပြီးတဲ့ အချိန်မှာရော...
လုပ်ရမှာတွေ၊ပြင်ဆင်ရမှာတွေ တော်တော်များများရှိတယ်။ ပြည်တွင်းရော၊နိုင်ငံတကာ အလုပ်တွေမှာပါ ပြင်ဆင်ရမှာတွေကတော့  အတူတူပါပဲ။
**************************
အင်တာဗျူးမဖြေခင်ဘာတွေ ပြင်ရမလဲ..
အင်တာဗျူးမဖြေခင် လုပ်ရမဲ့ အလုပ် ၂ခု ရှိတယ်။

ပထမလုပ်ရမှာက…ကိုယ်လုပ်မယ့် ကုမ္ပဏီ၊အဖွဲ့ အစည်း၊ဌာန အကြောင်းသိအောင်လုပ်ရမှာ။ သူတို့ က ဘယ်လို အဖွဲ့ အစည်း၊ဘယ်လိုအလုပ်တွေလုပ်နေတယ်ဆိုတာပေါ့။ ဒါတွေကိုတော့  သူတို့ အဖွဲ့ အစည်း အကြောင်း ရေးထားတဲ့ ကြော်ငြာတွေ၊ Website တွေကနေသိနိုင်တယ်။ သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေ ဆီကလဲ သိအောင်လုပ်နိင်တယ်။ ဒီအချက်မှာ နောက်ပိုင်းပြောမယ့် အင်တာဗျူးအတွက် မေးခွန်း တွေပြင်တဲ့ နေရာမှာ တော်တော် အသုံးဝင်တယ်။


ပြီးတော့ ..ကိုယ်လုပ်ရမှာက ဘယ်အပို်င်း၊ ဘယ်ဌာန။ကိုယ့် တာဝန်ကဘာဆိုတာ သေချာ လေ့လာရမှာ။ ဒါအတွက်ကတော့ ..အရင်ဆောင်းပါးမှာ ပြောခဲ့ သလို အလုပ် ကြော်ငြာစာ မှာပါတဲ့ Job description နဲ့ requirement ကနေ သိနိင်တယ်။ ဖြစ်နိုင်လို့ ..သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေဆီ ကသိနိုင်ရင် ပိုအသေးစိတ်သိရတာပေါ့ ။ ဒီဟာကလဲ အင်တာဗျုး မေးခွန်းတွေအတွက် ပြင်တဲ့ နေရာမှာ တော်တော်အသုံးဝင်တာတွေ့ လိမ့်မယ်။ သေချာလေ့လာပါ။
ဒါတွေလေ့လာပြီးပြီ၊ သိပြီဆိုရင် နောက်လုပ်ရမှာက..အင်တာဗျူးမှာ မေးနိုင်တဲ့ မေးခွန်းတွေ အတွက် ပြင်ဆင်ရမှာ။ အင်တာဗျုးတော်တော်များများမှာ ဒီလို မေးခွန်းတွေပဲ မေးတတ်တာ ဆိုတော့ တခါပြင်ထားရင်.. နောက်အလုပ်တွေလျှောက်လို့ အင်တာဗျုးတွေဖြေရရင်လဲ သိပ်ပြင်စရာ မလိုတော့ ဘူးပေါ့။ လျှောက်တဲ့ အလုပ်နဲ့ ကိုက်အောင် နဲနဲ ပြောင်းသင့်တာ ပြောင်းလိုက်ယုံပဲ။ဒါကြောင့် ပထမတစ်ခါ မှာ သေချာပြင်ဆင်ပါ။
အင်တာဗျုးမှာ ဘယ်လို မေးခွန်းတွေမေးတတ်သလဲ။
အင်တာဗျုး တော်တော်များများမှာ အောက်က မေးခွန်း ၇ မျိုးကို မေးလေ့ရှိတာတွေ့ ရတယ်။

(၁)မင်းအကြောင်းပြောပြပါ။
(၂)မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ။
(၃)အဲဒီအရင်အလုပ်တုန်းက..ဘယ်လို အောင်မြင်မှု တွေရှိခဲ့ သလဲ။
(၄)ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ။
(၅)ဘာ့ကြောင့့်တို့ ရဲ့ အလုပ်မှာ လုပ်ချင်တာလဲ။
(၆)မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ။
(၇)မင်းအနေနဲ့ ဘာတွေသိချင်တာတွေ၊မေးစရာတွေ ရှိသလဲ။
(၇)လစာ ဘယ်လောက်မျှော်လင့်သလဲ။
အဲဒီမေးခွန်းတွေ အတွက် ပြင်ဆင်တဲ့အခါ အရေးအကြီးတချက်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။အဲဒါကတော့ အတွေ့ အကြုံတွေ၊အရည်အချင်းတွေ ကို စဉ်းစားရင် အခုအင်တာဗျူးဖြေမယ့် အလုပ်နဲ့ သက်ဆိုင်တာကိုပဲ စဉ်းစားထား၊ပြောဖို့ ပြင်ဆင်ထားပါ။ ဘာလို့ လဲဆိုတော့ ..အလုပ်ခန့် မယ့် သူ က သူ့ အလုပ်နဲ့  ကိုက်ညီတဲ့သူကိုပဲ စဉ်းစားမှာ။ကိုယ့် မှာ အရည်အချင်း၊အတွေ့ အကြုံတွေ ဘယ်လောက်ပဲ ရှိရှိ သူ့  အလုပ်နဲ့  မသက်ဆိုင်တာတွေ ဆိုရင် ဘယ်စိတ်ဝင်စားပါ့ မလဲ။ ဒါကြောင့် သူတို့ နေရာကနေ..ကိုယ်က၀င်တွေးပြီး မေးခွန်းတွေ ပြင်ဆင်ရမှာ။
*********************
ကဲ..မေးခွန်းတခုချင်းအတွက် ပြင်ကြရအောင်။
အင်တာဗျုးမေးတဲ့ သူက..ပထမဆုံး စကားစမြည်လေးနဲနဲ ပြောလိမ့်မယ်။ပြီးရင်စမေးလေ့ ရှိတာက..
(၁) ကဲ..မင်းအကြောင်းလေးပြောပြစမ်းပါ..လို့ ။ အဲဒီမေးခွန်းအတွက်..ကိုယ့် အကြောင်းကို ဘယ်က စပြောမယ်။အင်တာဗျုးခေါ်တဲ့  အလုပ်နဲ့ လျှော်ညီအောင်ဘယ်လောက်တော့ ပြောမယ်ဆိုတာ စဉ်းစားထား၊ပြင်ဆင်လေ့ကျင့် ထားပါ။ တချို့ တွေ့ ဘူးတယ်..ကိုယ့် အကြောင်းပြောတာတောင်မှ ပြင်ဆင်မထားတော့ ..အဲ..အား..နဲ့ ..ခွေး’အ’ ကြီး လှည်းနင်း ခံရသလို ..အစီအစဉ် မကျဘူး။ဒါနဲ့ ပဲ .. ရှေ့ဆက်မေးမှာတွေအတွက် ကိုယ့် အပေါ် အထင်အမြင်က မကောင်းတော့ ဘူး။
(၂) နောက်မေးခွန်း က… မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ လို့ ။ အလုပ်ခန့် မဲ့ သူက..မင်းမှာ အရင်အလုပ်တုန်းက ဘာအတွေ့ အကြုံတွေရှိတယ်။ ဒီအတွေ့ အကြုံတွေကို အခု လျှောက်တဲ့ အလုပ်မှာ ဘယ်လို အသုံးဝင်တယ်ဆိုတာ..သိချင်တယ်လေ။ အစကပြောခဲ့ သလို ပဲ အလုပ်ကြော်ငြာစာမှာပါတဲ့  Job description နဲ့ requirement တွေကို သေချာဖတ်ပြီး ကိုယ့် အရင်ကအတွေ့ အကြုံတွေ အများကြီးထဲက အခုအလုပ်နဲ့ သင့်တော်တာကို စဉ်းစား၊ပြင်ဆင်ထားရမှာ။
ဘွဲ့ ရကာစလူငယ်တွေ အတွက်ပြောချင်တာက..အရင်အလုပ်အတွေ့ အကြုံ မရှိလဲ တချို့ ကျောင်းတက်တုန်းက တွေ့ ကြုံရတာတွေဟာ အခု အင်တာဗျူး ခေါ်တဲ့  အလုပ်နဲ့  ကိုက်ညီတယ်ဆိုရင် အတွေ့အကြုံ အဖြစ် ပြောပြရမှာ။ ဥပမာ..ကုန်တိုက်မှာ အရောင်းဝန်ထမ်း အလုပ် လျှောက်တယ်ဆိုပါတော့ ၊ကျောင်းအားတုန်း..အိမ်က ဈေးဆိုင်မှာ ကူ ရောင်းခဲ့ဘူးတယ် ဆိုရင် Customer relation ဖောက်သည်နဲ့  ဆက်ဆံတတ်တဲ့  အရောင်းအတွေ့ အကြုံရှိတယ် ဆိုတာထဲ့ပြောရမှာ။ဒါမျိုးကို Transferable skill အလုပ်တခုကနေ အခြားအလုပ်တခု မှ လွဲပြောင်းသုံးနိုင်တဲ့ ကျွမ်းကျင်မှု လို့ ခေါ်တယ်။ ဒါဟာအရေးကြီးတယ်။
(၃) နောက်မေးခွန်းတစ်ခု က.. အဲဒီ အရင်အလုပ်တုန်းက ဘယ်လိုအောင်မြင်မှု တွေရှိခဲ့သလဲ.. ဆိုတဲ့ မေးခွန်းပေါ့ ။ ဒါကိုလဲ သေချာတွေးထားရမှာ။အခုနောက်ပိုင်းမှာ. အလုပ်လုပ်ခဲ့တဲ့  အတွေ့ အကြ သာမကဘူး။ လုပ်ခဲ့ အလုပ်တွေပေါ်မှာ ဘာအောင်မြင်မှုတွေရ ခဲ့သလဲဆိုတာ.. ပိုအလေးထားလာကြတယ်။ ဒါကလဲ သေချာစဉ်းစားထားရင်ပေါ်ပါတယ်။မစဉ်းစားပဲ အင်တာဗျူး သွားရင်သာ..ဘယ်ကစပြောရမှန်း မသိဘူး ဖြစ်ကြတာ။ဘွဲ့ ရကာစလူငယ်တွေ အတွက်လဲ ခုနကပြောခဲ့သလို အိမ်က ဈေးဆိုင်မှာ ကူရောင်းခဲ့တုန်းက ဘယ်ပစ္စည်းကို ဖောက်သည်တွေ ကြိုက်အောင် ဘယ်လို ရောင်းခဲ့ ဘူးတယ်ဆိုတာကလဲ အောင်မြင်မှုပဲပေါ့ ။
(၄)နောက်မေးလေ့ရှိတာက.. ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ..လို့ ။ဒီမေးခွန်းကို သတိထားဖြေပါ။ အရင်အလုပ်ရှင်မကောင်းလို့ ..စသဖြင့်  အရင်အလုပ်မကောင်းကြောင်း မပြောမိပါစေနဲ့ ။ အဲဒီလို ပြောရင်..အလုပ်ခန့် မယ့် သူက..သူတို့ ကိုလဲ မကောင်းကြောင်း ပြောနိုင်တယ်လို့ ထင်တတ်တယ်။ အကောင်းဆုံးအဖြေကတော့. .အရင်အလုပ်ကကောင်းပါတယ်။ လုပ်ရတာလဲ ပျော်တယ်။ဒါပေမယ့် . .ဒီထက်အတွေ့ အကြုံရချင်လို့ အခု အလုပ်ကို လျှောက်တာပါ..ဆိုတာမျိုးပေါ့ ။
(၅)နောက်…အလုပ်ခန့် တဲ့ သူတွေသိပ်သိချင်တာက.. ဘာ့ကြောင့့်သူတို့ ရဲ့အလုပ်မှာ လုပ်ချင်တာလဲ..ဆိုတာပဲ။ မေးပါလိမ့် မယ်။ ဒါကျတော့ အရင်ဆောင်းပါးတပုဒ်ဖြစ်တဲ့ . .အကောင်းဆုံးမိတ်ဆက်စာရေးနည်း မှာ ပြောထားသလို ..”လူကြီးမင်းတို့ အဖွဲ့ အစည်း၊ကုမ္ပဏီက ဒါတွေလုပ်နေတယ်ဆိုတာ..ကျနော်သိတယ်”။ (ဒါကြောင့် .. အစမှာပြောခဲ့တာ။ ကိုယ်အလုပ်လျှောက်တဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီ အကြောင်းသိအောင် လုပ်ထားဆိုတာ။ အဲဒီလိုပြောရင်သူတို့အကြောင်း တော်တော်လေ့လာထား တာပဲ ဆိုပြီး.. အင်တာဗျုးတဲ့ သူတော်တော်သဘောကျသွားပြီ။) ”ခင်ဗျားကလဲဒီလို အရည်အချင်း၊ ဒီလို အတွေ့ အကြံ ရှိတဲ့သူ ရှာနေတယ်။ ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊ အတွေ့ အကြုံတွေရှိတယ်။ ကျနော်ကလဲ ကျနော်အရည်အချင်းတွေ အစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို သိပ်စိတ်ဝင်စားလို့ လုပ်ချင်တာ” ဆိုရင် သူတို့ ဘယ်လောက် သဘောကျ မလဲ။ စဉ်းစားသာကြည့် ။
(၆)တခါတလေ..မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ ..လို့ မေးတတ်တယ်။ ဒီမေးခွန်းကျတော့..အထူးသဖြင့် အားနည်းချက်ဖြေဖို့ စဉ်းစားထားရမယ်။ ကိုယ့် ရဲ့ အားနဲချက်ကို positive ကောင်းတဲ့  အမြင်နဲ့ ဖြေနိင်ဖို့ ပြင်ဆင်ထားရမယ်။ဥပမာ..ကျနော်က အလုပ်ပေါ် အလွန် ဇောကပ်တာ။ ညနေပြန်တာ နောက်ကျလို့ မိသားစုတွေ မကြိုက်ဘူး။ အဲဒါ ကျနော့  အားနည်းချက် ဖြစ်နေတာပေါ့ ဗျာ..ဆိုရင် အလုပ်ကိုတော့ ဂရုစိုက်မယ့် သူပဲ ဆိုပြီး အလုပ်ခန့် မယ့် သူဖက်က မြင်နိုင်တာပေါ့။ ဒါမေးခွန်းကိုတော့ သေချာတွေးပြီးပြင်ဆင်ထားပါ။
(၇)သူတို့ မေးချင်တာ..မေးပြီးသွားရင်..မဖြစ်မနေမေးတဲ့ မေးခွန်းကတော့ ..မင်းအနေနဲ့ ဘာတွေသိ ချင်လဲ။ ဘာ မေးစရာတွေ ရှိသလဲ..လို့ ။ တကယ်တော့ အင်တာဗျုးဆိုတာ.. အလုပ်ခန့် မယ့် သူ ကပဲမေး၊ ကိုယ်က ဖြေပဲဖြေ ရတာမျိုး မဟုတ်ဘူး။ ကိုယ်သိချင်တာလဲ မေးကိုမေးရမယ်။ ဘာလို့ လဲဆိုတော့ ..သူတို့ က မကြိုက်ရင့် ကိုယ့် ကို မခန့် လို့ ရသလို ကိုယ်ကလဲ သူတို့ ရဲ့  အဖွဲ့ အစည်း၊ အလုပ်ကို မကြိုက်ရင် မလုပ်ပဲ နေလို့ ရတဲ့ အခွင့် အရေးရှိတယ်လေ။ ဒီတော့ သိချင်တာ မေးကို မေးရမယ်။ အနဲဆုံးအင်တာဗျုးဖြေပြီးရင်.. ကိုယ့် ကိုရွေးမရွေးဘယ်လို အကြောင်းကြားမယ် ဆိုတာလောက် တော့ မေးရမယ် မဟုတ်လား။ ဥပမာ..အလုပ်မှာ ဘယ်လို သင်တန်းတွေပေးမှာလဲ..စသဖြင့် ပေါ့ ဗျာ။
မေးစရာမေးခွန်း မရှိရင် အလုပ်အကြောင်းသိပ်စိတ်ဝင်စားပုံမရပါဘူး လို့  တစ်ချို့ အင်တာဗျူးတဲ့ သူတွေ ထင်တတ်တယ်။ ဒါပေမယ့် မေးခွန်း မေးရရင်ြ့ပီးရော ဆိုပြီး ဖြစ်သလို တော့မမေးပါနဲ့ ။ ကိုယ်တကယ်သိဖို့ လိုတာမေးပါ။ တချို့ ကတော့ လူအထင်ကြီးစေတဲ့ မေးခွန်း တွေနဲ့ တော်တော် မေးတတ်တယ်။ ဒါကြောင့် ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို သေချာစဉ်းစားထား၊ ပြင်ထားကြပါ။
(၇) နောက်ဆုံး..အရေးကြီးဆုံး မေးခွန်းကတော့ ..လစာ ဘယ်လောက်မျှော်လင့်သလဲ ဆိုတာပဲ။ ဒါကျတော့..ကိုယ်က ပါးပါးနပ်နပ်ရှိရမယ်။သူတို့ ရဲ့ အဖွဲ့ အစည်း၊ကုမ္ပဏီကလဲ လေးစားရတဲ့ အဖွဲ့ အစည်း ဖြစ်တယ်ဆိုရင်..အဖွဲ့ အစည်း ရဲ့ မူအတိုင်းပဲလုပ်ပါ၊ လက်ခံပါတယ်ဆိုပြီး သူတို့ သဘော လွှတ်ပေးထား လိုက်ပါ။ သူတို့ မှန်မှန်ကန်ကန် လုပ်လိမ့် မယ်။ ကိုယ်သွားတောင်းရင်တောင်မှလစာနဲ နေနိုင်တယ်။ တကယ်လို့  သူတို့ ရဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီကဘယ်လို မှန်းမသိရင်တော့ ကိုယ် မျှော်လင့်တာ ပြောပြလိုက်ပါ။ တခါတလေ ကျနော်တို့ က ကိုယ်က တောင်းတာ သိပ်များများသွားရင် အလုပ်မခန့် တော့ဘူးလို့ များရှိမလား.. လို့ ထင်ပြီး လျှော့ ပြောတတ်တယ်။ တကယ်တော့ အလုပ်ခန်ု့ ဖို့ စဉ်းစားတဲ့ နေရာမှာ လစာ များတာက သိပ်အရေးမကြီးဘူး။ အရည်အချင်းကြိုက်ရင်ခန့် မှာပဲ။ သိပ်ဈေးမချပါ နဲ့ ။သူတို့ မှာလဲ မှန်းထားတဲ့ လစာ ရှိပြီးသား။ကိုယ်မျှော်လင့်တာသိပ်များနေရင် ညှိနှိုင်းပါလိမ့် မယ်။
ကဲ..အခု အင်တာဗျူးမှာ မေးတတ်တဲ့ မေးခွန်းတွေလဲသိပြီ၊အဖြေတွေကို ဘယ်လို ပြင်ရမလဲ ဆိုတာ လဲ သိပြီ။ ဒီတော့ ဘယ်လိုဖြေမယ်ဆိုတာသေချာပြင်ထားကြပေတော့ ။ မြန်မာလိုမေးရင် မြန်မာလို၊ အင်္ဂလိပ်လို မေးရင် အင်္ဂလိပ်လိုပေါ့ ။ အရေးကြီးတာက..ကိုယ့် ရဲ့ ပါးစပ်ကအဖြေတွေကို ရှောရှောရှူရှူ ပြောတတ်တဲ့ အထိ.. နေ့ တိုင်း လေ့ကျင့်ဖို့ ပဲ။
****************************
ကဲ..အင်တာဗျူးဖြေမယ့် နေ့ ရောက်လာပြီ။ဘာတွေလုပ်ရမလဲ..
အဲဒီနေ့ မှာ အဓိကလုပ်ရမှာက Mental preparation ကိုယ့် ရဲ့ စိတ်ကို လေ့ကျင့်ပြင်ဆင်ဖို့ ပဲ။ အင်တာဗျုးမှာ မေးမဲ့ အကြောင်းအရာတွေ၊အဖြေတွေ အတွက် အားလုံးပြင်ဆင်ပြီးပြီ။ စိတ်ပူ မနေတော့ ။ ready ပဲ။ အဓိကအရေးကြီးတာက..ကိုယ့်ကိုယ်ကို သက်တောင့် သက်သာရှိအောင်၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိအောင်စိတ်ကို ပြင်ဆင်ထားရမှာ ။ဘာမှတွေးမပူပဲ စိတ်ကို အေးအေးဆေးဆေးထား။ ငါ သေချာပြင်ဆင်ပြီးပြီ၊ဘာလို့ စိုးရိမ်ဖို့ မလိုဘူး၊ငါအောင်မြင်မယ် ဆိုတာ ယုံကြည်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် Autosuggestion အားပေးနေပါ။ သက်တောင့် သက်သာ ၊မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့ ပုံစံဟာ ကိုယ့် အတွက်လဲကောင်းသလိုလူတိုင်းလဲ သဘောကျ တဲ့ ပုံစံ ပါ။
နောက်တခု က..အ၀တ်အစား ၀တ်တာပြောချင်တယ်။Professional ကျကျ ၀တ်စားပါ။ အင်တာဗျူး မယ့် သူက ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေပါစေ။ Formal သပ်သပ်ရပ်ရပ် ၀တ်စားကြပါ။အလုပ်ဆိုတဲ့ Professional ဘ၀ အတွက် အင်တာဗျုးသွားဖြေတာဟာ Professional ပဲ ဖြစ်နေရပါမယ်။ အင်တာဗျုးရင်သွားရင်ဝတ်ဖို့ အ၀တ်အစားတစ်စုံလောက်တော့  ရင်းနှီး မျြတ်နှံထားကြပါ။
ပြီး ..အင်တာဗျူး ခန်းထဲ ကို ရဲရဲ ၀င့် ဝင့်၊ယုံကြည်မှု အပြည့် နဲ့ ဝင်ပါ။ ဒါပေမယ့် Overconfidence ယုံကြည်မှုတွေလွန်ကဲပြီး စကားပြောတဲ့ နေရာ Informal သူငယ်ချင်းအချင်းပြောတဲ့ ပုံစံမဖြစ်ပါစေနဲ့ ။(သူငယ်ချင်းဖြစ်နေရင်တောင်မှ) Formal လေးလေးစားစား ပြောဆိုပါ။ ဒါပေမယ့် ရဲရဲ ရင့် ရင့် နဲ့ ယုံကြည်မှု အပြည့် ရှိပါစေ။
ကဲ အင်တာဗျုးဖြေပြီးရင် လုပ်စရာ ပြီးပြီလား...
တကယ်တော့..အင်တာဗျုးဖြေပြီးပေမယ့် လုပ်စရာကမပြီးသေးဘူး။အင်တာဗျုးခဲ့ သူတွေကို Follow-up ဆက်သွယ် နေဖို့ုလိုသေးတယ်။ အီးမေလ်နဲ့ ဆက်သွယ်လို့ ရရင်.. ကျေးဇူးတင်ကြောင်း၊ နောက်တစ်ဆင့် အတွက် စောင့် မျှော်နေကြာင်း.. အီးမေလ် ပို့ ပါ။ အဲဒီလို ဆက်သွယ်တွေ ဟာ.. လူအများကြီးထဲကနေ ထူးခြားတဲ့ ကိုယ့် ကို သတိထားမိစေတယ်။
****************************
ကဲ.. အင်တာဗျုးကိုလဲ အကောင်းဆုံးပြင်ဆင်၊အတတ်နိုင်ဆုံး ဖြေ ပြီးပြီ။ ဒီလို Professional ကျတဲ့ သူ၊ ကိုယ့် အလုပ်အတွက်တကယ်အသုံးဝင်မဲ့ သူကို ဘယ်အလုပ်ရှင်က လက်လွှတ် ခံနိုင်ပါ့ မလဲဗျာ ကြည့် နေ၊ အလုပ်ခန့် စာ မကြာခင်ရောက်လာလိမ့် မယ်။
Credit to original Uploader and writer
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၁-၅-၂၀၁၄)

တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ


တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ


(၁) ကတိစာချုပ် သဘောတူကတိစာချုပ် ၃၀၀ ကျပ်
(၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ်
(၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ်
(၄) ကိုယ်စားလှယ်လွဲစာ
(က)အထွေထွေကိုယ်စားလှယ်လွဲစာ (ငါးဦး) ၁၀၀၀ ကျပ်
(ခ)အထွေထွေကိုယ်စားလှဝ်လွဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ်
(ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ်
(ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင်
၁၀၀၀ ကျပ်
(င)အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင်
၂၅၀၀ ကျပ်
(စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ်
(၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ်
(၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ်
(၇) ကြေညာစာတမ်း ၁၅၀ ကျပ်
(၈) ခံဝန်ချုပ်
(အာမခံသည့်ငွေ သို့မဟုတ် တန်ဖိုးပေါ်တွင် ၁ % )
(၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း / မူရင်းစာချုပ်အား မိတ္ထူ ကူးလျှင် ၁၀၀ ကျပ်)
(၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%)
(အခြား အနေအထားတွင် ၂၅၀၀ ကျပ်)
(၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း
(မူရင်းမရှိလျှင် ၂၅၀ ကျပ်)
(၁၂) ပေးကမ်းစာချုပ်
(၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်
(၂)မရွှေ့ပြောင်းနိုင်သောပစ္စည်း တန်ဖိုးအပေါ် 1.5%
(၁၃) ပစ္စည်းခွဲဝေစာချုပ် ဝေစုတန်ဖိုး အပေါ် 1.5%
(၁၄) မိသားစုစီမံမှုစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး တစ်သိန်းခွဲကျပ်)
(၁၅) ယုံမှတ်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၆) လှုဒါန်းစာချုပ် တန်ဖိုးအပေါ် 1%
(အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၇) လက်ထပ်စာချုပ် ၂၅၀ ကျပ်
(၁၈) အဌားစာချုပ် ဌားရမ်းသည့်တန်ဖိုးအပေါ်
0.3% မှ 1.5%
(၁၉) အပေါင်စာချုပ် သုံးလကျော်သည်ဆိုလျှင် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) စဉ် ၁၃(က) အရ ပေးဆောင်ရပါမည် ။
သုံးလ အထိဆိုလျှင် ၄င်းဇယား၏ တစ်ဝက် ။


(၂၀) အာမခံစာချုပ် ငွေတစ်ထောင်ကျပ်ထပ်မပိုလျှင် 1.5% ၊အခြားကိစ္စများနှင့် ဆိုလျှင် ၂၅၀၀ ကျပ်
(၂၁) အမှားပြင်စာချုပ် ၁၅၀ ကျပ်
(၂၂) အစုစပ်စာချုပ် မတည်ရင်းနှီးငွေ ငါးသိန်းကျပ်ထက်မပိုလျှင် ၃၀၀ကျပ် ၊ တန်ဖိုးငါးသိန်းထက်ပိုလျှင် ၃၀၀ကျပ် နှင့်အတူ ပိုနေသည့်ငွေပမာဏအပေါ် 1% ပေါင်းပြီး ပေးရပါမည် )
(၂၃) အစုစပ်ဖျက်သိမ်းခြင်း ၂၀၀၀ ကျပ်
(၂၄) အရောင်းအဝယ်ကတိစာချုပ်
(၁) မရွှေ့ပြောင်းနိုင်သောပစ္စည်း မူလ တန်ဖိုးအပေါ် 5%
( နယ်မြို့များတွင် 3%)
(၂) ရွှေပြောင်းနိုင်သော ပစ္စည်း ၆၀၀ ကျပ်
(၂၅) အလုပ်သင် ၁၅၀ ကျပ်
(၂၆) ရှေ့နေအလုပ်သင် ၁၅၀၀ ကျပ်
(၂၇) တရားလွှတ်တော်ရှေ့နေ စာရင်းတင်သွင်းခြင်း ၃၀၀၀၀ကျပ်
(၂၈)သင်းဖွဲ့စည်းမျဉ်း မတည်ရင်းနှီးငွေ သိန်းတစ်ထောင်ထက်မပိုလျှင် ငါးသောင်းကျပ် သိန်းတစ်ထောင်ထက်ပိုလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။
(၂၉) ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်း (company Act Law ပုဒ်မ (၁၇) အရ သင်းဖွဲ့စည်းမျဉ်းပူးတွဲထားလျှင် တစ်သောင်းခွဲကျပ် ပူးတွဲမထားလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။ (Non –Profit အဖွဲ့အစည်းများအတွက်ဆိုလျှင် အခွန်ကင်းလွတ်ခွင့်ရပါမည် )
(၃၀) နိုင်ငံခြားမှ ကိုယ်စားလှယ်လွဲစာ မြန်မာနိုင်ငံရောက်သည့်အချိန်မှ လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မတင်လျှင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ပေးရမှာဖြစ်ပါတယ် ။
(၃၁) Bill of Landing (BL) စာချုပ် ၁၅၀ ကျပ်

 မူရင်းရေးသားပြုစုသူကို Credit ပေးပါတယ်။

Wednesday, June 20, 2018

HR Leader တွေအနေနဲ့ ထည့်သွင်းစဉ်စားသင့်တဲ့ ၀န်ထမ်းတွေရဲ့ Psychology


ယနေ့ခေတ်မှာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှု၊ ထိခိုက်မှုတွေဟာ တဖြည်းဖြည်းရှေ့တန်းကိုရောက်ရှိလို့လာနေပေါပြီ။ HR Department မှာ တာဝန်ယူထားသူတွေအနေနဲ့ Operation ကိုသာ အာရုံစိုက်ပြီး Strategic Issue တွေကိုသာ ဂရုစိုက်နေမယ်ဆိုရင် Operation ကိုတော့ အမှားအယွင်းမရှိဆောင်ရွက်နိုင်ပေမယ့် ၀န်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းကတော့ အမှန်တကယ် စွမ်းအားပြည့် ရရှိနိုင်မယ့် Performance တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။



HR တော်တော်များများက စည်းကမ်းအရာမှာ ကြပ်မတ်ပြီး မူနဲ့ဘောင်နဲ့ လုပ်ချင်ကြတာများပါတယ် ဒါပေမယ့် လူသားတွေရဲ့ စိတ်ကို ဘောင်ခတ်ဖို့ ကြိုးစားလို့တော့ အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ လုပ်ငန်းခွင်အနေအထား နှင့် ၀န်ထမ်းတို့ရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီိး ဘောင်ခတ်ရန်မသင့်သော နယ်ပယ်များကို ခွဲခြားသတ်မှတ်လေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့် HR Leader တွေရဲ့ ကျွမ်းကျင်မှု ရင့်ကျက်မှုတွေဟာ အဆုံးမရှိပါဘူး လေ့လာရင် လေ့လာ သလောက် ခရီးရောက်ပါတယ် တွေးယူပါ ပေါင်းစပ်ပါ အဖြေထုတ်ယူပါ။ Mind Freelance Area ကို သတိပြုနိုင်လေ ကောင်းလေပါပဲ။ ထိရောက်မှုရှိလေပါပဲ။

လုပ်ငန်းခွင်စိတ်ကျေနပ်မှုနဲ့ လုပ်ငန်းခွင်နိုးကြား တက်ကြွမှု တွေဟာ တစ်ခုနဲ့တစ်ခု အချင်းချင်းချိတ်ဆက်နေကြပါတယ်။ လူသားတစ် ဦးဟာ လုပ်ငန်းခွင်ပျော်ရွှင်မှုရလျှင် (သို့မဟုတ်) လုပ်ငန်းခွင်တက်ကြွနိုးကြားမှုရှိနေလျှင် သူ့အလုပ်ရဲ့ပြီးစီးမှုနဲ့ ရလဒ်တွေဟာ အတော်ကို ခရီးရောက်ပါတယ်။ မိမိကိုယ် ကိုယ်ပြန်သုံးသပ်ကြည့်ပါ။ စိတ်ကျေနပ်ပျော်ရွှင်မှုရှိနေတဲ့နေ့ရဲ့ Work Done % နဲ့ စိတ်ပျော်ရွှင်မှုမရှိတဲ့နေ့ရဲ့ Work Done % ဟာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ အလုပ်နဲ့ဘ၀၊ ဘ၀နဲ့အလုပ် Work Life Balanced ဖြစ်နေမှသာ အစွန်းမရောက်မှသာ စိတ်ပြဿနာကင်းကင်းနဲ့ ဘယ်ရှုဒေါင့်ကမဆိုဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

Your Lovely Emily