Tuesday, July 10, 2018

Chart of Accounts တည်ဆောက်ခြင်း




Chart of Accounts ဆိုတာ ဘာလဲ ?
Chart of Accounts ဆိုတာ လုပ်ငန်းတစ်ခုအတွက် အသုံးပြုရမယ့် စာရင်းခေါင်းစဉ်တွေကို အစီအစဉ် တကျရေးချပြီး စာရင်းပြုစုထားခြင်းပါပဲ။ မိမိလုပ်ငန်း အခုလည်ပတ်နေတာကော အနာဂတ်မှာ လည်ပတ်လျှင် လိုလာမယ့် စာရင်း ခေါင်းစဉ်တွေကို သတ်မှတ် စာရင်းပြုစုရတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အခြေခံဘယ်လိုလုပ်ငန်းမျိုးလဲ၊ ငွေနဲ့ ပတ်သတ်ပြီး ဘယ်လိုအသုံးစရိတ်တွေ၊ ဘယ်လို ၀င်ငွေအမျိုးအစားတွေ ရှိမလဲ၊ ငွေနှင့် မဆိုင်တဲ့ ဘယ်လို စာရင်းမျိုးတွေ ထားရှိရမလဲ စသည်ဖြင့် ကြိုတင် သတ်မှတ်ပြီး အစီအစဉ်တကျ စာရင်းပြုစုထားတာ ဖြစ်ပါတယ်။

ဘာကြောင့် လိုတာလဲ ?
စာရင်းရေးသွင်းမှုမှာ မြန်ဆန်၊ မှန်ကန်စေရန် နှင့် Financial Reports များကို မြန်မြန်ဆန်ဆန် အသေးစိတ်တိတိကျကျဖြစ်စေရန် အတွက် လိုအပ်ပါတယ်။ Financial Report တွေကို ကြည့်ပြီး ဆုံးဖြတ်ရတဲ့ Owner တွေ Director တွေအတွက် တိကျသေချာတဲ့ စာရင်းခေါင်းစဉ်တွေ ရှိဖို့ လိုအပ်ပါတယ်။  

ဘယ်လိုတည်ဆောက်ကြမလဲ ?
လည်ပတ်နေပြီးသား လုပ်ငန်းတွေအနေနဲ့ကတော့ ယခင် Trial Balance ကို ကြည့်ပြီး လိုအပ်သည်များ ထပ်မံ့ ဖြည့်စွက်ကာ Charts of Account ကို သတ်မှတ်ကြပါတယ်။ မိမိအနေနဲ့ စနစ်တကျ စတင်တည်ဆောက်တော့မယ် ဆိုရင်တော့ လုပ်ငန်းရဲ့ လည်ပတ်ပုံ အခြေအနေကို စတင် လေ့လာရပါမယ်။ စာရေးသူကတော့ အဓိကအားဖြင့် မိမိလိုချင်တဲ့ ပန်းတိုင်ကနေ စပြီး စဉ်းစားပါတယ်။ P&L နှင့် BS က Final Report တွေ ဖြစ်တဲ့ အတွက် Final Report ဆိုတဲ့ အဖြေရအောင် ဘယ်လို မေးခွန်းမျိုးတွေ လိုအပ်မလဲ မိမိကိုယ်ကို ပြန်လည် မေးခွန်းထုတ်ရပါမယ်။ ဒါဆိုရင်တော့ လိုချင်တဲ့ စာရင်းတွေ ကို စနစ်တကျ ချရေးလိုက်ရင် အဖြေဖြစ်တဲ့ P&L နဲ့ Balance Sheet ကို ရဖို့ နီးစပ်သွားပြီပေါ့။ စနစ်တကျ ဘယ်လို တည်ဆောက်ကြမလဲ?
သက်ဆိုင်ရာ Acc တိုင်းမှာ Account Code ရှိရပါမယ်။ ဒါမှသာ Acc မှားသွင်းမိတဲ့ အခြေအနေမျိုး မဖြစ်အောင်လို့ပါ။ စာရင်းသွင်းရာမှာလည်း Account Code နဲ့ဆိုရင် Ledger တွေအများကြီးထဲက ပိုပြီးတော့ မြန်မြန်ဆန်ဆန် မိမိစာရင်းသွင်းမယ့် Account ကို ရှာတွေ့နိုင်ပါတယ်။
 Account Heading ရှိရပါမယ်။ မိမိသတ်မှတ်ထားတဲ့ Acc က ဘယ် Report ရဲ့ ဘယ် Acc အမျိုးအစား အောက်ကလဲ သိရှိအောင်လို့ပါ။
Account Name ရှိရပါမယ်။ ဒါကတော့ မိမိသတ်မှတ်ထားတဲ့ Acc ရဲ့ နာမည်ပါ။
Account Definition ရှိသင့်ပါတယ်။ ဒါကတော့ မိမိမှမဟုတ် အခြားသူတွေ စာရင်းသွင်းရာမှာ ဘယ်လို ကိစရပ်မျိုးက ဒီ Acc Name မှာ စာရင်းသွင်းသင့်လဲ ဆိုတဲ့ ပုံစံမျိုးပါ (ဥပမာ - Stationery & Office Supplies ဆိုတဲ့ ခေါင်စဉ်အတွက် ရုံးသုံးစာရေးကိရိယာဝယ်ယူခြင်း၊ ရုံးသုံး တံမြက်စည်း၊ ခြေသုတ်သဘက်၊ သန့်စင်ခန်းသုံး ပစည်း စသည့် အသေးသုံးများ စာရင်းသွင်းရန် ဆိုတာမျိုး အသေးစိပ် မှတ်ပေးထားတဲ့ ပုံစံပါ။) တစ်ချို့ ခေါင်းစဉ်တွေအတွက် ခေါင်းစဉ်လေး ကြည့်လိုက်ယုံနဲ့ ဘယ်အခြေအနေတွေ အတွက် သုံးမလဲ ဆိုတာ သိနိုင်ပေမယ့် တစ်ချို့ Account Name တွေက ဆင်တူယိုးမှား ဖြစ်နေတာမျိုးတွေ ရှိတတ်လို့ တိတိကျကျ Usage လေး ထည့်ပေးရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။


အကြမ်းစဉ်းစားပြီး ချရေးကြည့်တဲ့ ပုံစံကို လေ့လာကြည့်ကြရအောင်….
Balance Sheet Accounts
Asset Accounts
  • 101 Bank/Cash at Bank
  • 102 Cash
  • 108 Deferred Expense
  • 110 Other A52312
  • 112 Accounts Receivable
  • 116 Supplies
  • 130 Prepaid Insurance
  • 157 Equipment
  • 158 Accumulated Depreciation Equipment

Liability Accounts
  • 200 Notes Payable
  • 201 Accounts Payable
  • 209 Unearned Service Revenue
  • 230 Interest Payable
  • 231 Deferred Gross profit
Equity Accounts (for sole proprietorship and partnerships)
  • 300 Owner's capital
  • 311 Share Capital-Ordinary
  • 320 Retained Earnings
  • 330 Capital contributions
  • 332 Dividends
  • 350 Income Summary
  • 360 Drawings (Distributions)
Equity Accounts (for corporations)
  • 300 dividend
  • 310 Capital in excess of par
  • 330 Retained earnings
Profit & Loss Accounts
Revenue Accounts
  • 400 Rental Income
  • 410 Sales Income
  • 420 Interest Income
Expense Accounts
  • 570 Office Expense
  • 585 Computer Expenses
  • 595 Communication Expense
  • 597 Labour & Welfare Expenses
  • 610 Advertising Expenses
  • 599 Printing & Stationery Expenses
  • 631 Supplies Expense
  • 711 Depreciation Expense
  • 722 Insurance Expense
  • 726 Salaries and Wages Expense
  • 729 Rent Expense
  • 732 Utilities Expense

ချရေးထားတဲ့ ပုံစံကို တစ်ဆင့်ခြင်းလေ့လာကြည့် လျှင် မြင်သာပါတယ်။ ပထမ Balance Sheet က Asset တွေကို စပြီးတော့ စဉ်းစားသွားတယ်။ ငွေ acc ထားမယ်၊ လုပ်ငန်းပိုင် Bank Acc ဖွင့်မယ်ဆိုရင် Bank ထားမယ်၊ တစ်ချို့ လုပ်ငန်းတွေမှာ အသေးသုံး Petty Cash ကို သီးသန့်ထားပြီး Balance Sheet Report မှာ ဖော်ထားချင်ရင် Petty Cash A/C သီးသန့် ထားတာ မျိုးတွေလည်း ရှိပါတယ်။ အဓိကက လုပ်ငန်းလိုအပ်ချက်နဲ့ Report ကြည့်ရမယ့် Management သမားတွေ လိုအပ်ချက်ကို တိုင်ပင်ပြီးတော့ ထားကြပါတယ်။ နောက်တော့ Liability ၊ Equity စတဲ့ acc တွေကို လိုအပ်သလို စဉ်းစားရမယ်။
Balance Sheet အတွက် စာရင်းတွေ ပြီးသွားရင်တော့ Profit & Loss အတွက် စဉ်းစားမယ်။ မိမိစာရင်းဆွဲမယ့် လုပ်ငန်းက ဘယ်လို အမျိုးအစားလဲ Service၊ Manufacturing၊ Trading စသည်ဖြင့် ခွဲခြားပြီး လိုအပ်တဲ့ စာရင်းတွေ ကို Report ရဲ့ လိုအပ်ချက်အတိုင်း တစ်ဆင့်ခြင်း စဉ်းစားပြီး ရေးချသွားရင် ရပါပြီ။
Account Code တွေ သတ်မှတ်ထားတာကတော့ စာရေးသူ ဥပမာ ပြထားသလို သတ်မှတ်မယ်ဆိုရင် 100 ကျော်တွေက Asset ၊ 200 ကျော်တွေဆို Liability စသည်ဖြင့် Account Code ကြည့်ယုံဖြင့် ဘာစာရင်းလည်း ခွဲခြားလွယ်အောင် သတ်မှတ်ထားတာဖြစ်ပါတယ်။
ဖြစ်နိုင်ရင်တော့ ဒီလိုမျိုး ချရေးမယ့်အစား Excel လေးနဲ့ ဇယားလေး တစ်ခု တည်ဆောက်ပြီး Usage တွေကိုပါ သေချာ ထည့်သွင်းရေးသားမယ်ဆိုရင်တော့ တိတိကျကျနဲ့ တကယ်ကို ပြီးပြည့်စုံတဲ့ Chart of Account တစ်ခု တည်ဆောက်ပြီး ဖြစ်ပါလိမ့်မယ်။

နမူနာ Chart of Account Excel File ကို Download ရယူ လေ့လာနိုင်ပါတယ်။

P Cloud ဖြင့် Download ရယူရန်
http://zipansion.com/28mZD 

MediaFire ဖြင့် Download ရယူရန်

http://zipansion.com/2A4sJ


Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your Lovely Emily

ဆက်လက်လေ့လာရန်-
Single-entry bookkeeping system
Double-entry bookkeeping system

No comments:

Post a Comment