Monday, August 13, 2018

စာရင်းစစ်တွေသာမက၊ စာရင်းကိုင်တွေပါ အသုံးပြုသင့်တဲ့ Vouching ပညာ


Vouching ဆိုတာကတော့ အလွယ်ကူဆုံး ပြောရရင် ဘောက်ချာတွေကို စစ်ဆေးခြင်းပါပဲ။ စာရင်းကိုင်တွေရဲ့အသက်၊ စာရင်းသွင်းထားခြင်းရဲ့ သက်သေတွေဖြစ်တဲ့ ဘောက်ချာတွေကို မှန်ကန်၊ တိကျမှုရှိမရှိ စစ်ဆေးခြင်းကို Vouching လုပ်တယ်လို့ခေါ်ပါတယ်။ အထူးသဖြင့် စာရင်းစစ်တွေရဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတာဖြစ်ပေမယ့် ရုံးတွင်း၊ ရုံးပြင် စာရင်းစစ်တွေ မစစ်ခင်မှာ Senior နဲ့ အထက် Level တွေက အနည်းဆုံး တစ်ခေါက်လောက်တော့ ပြန်စစ်ထားသင့်ပါတယ်။ 



Vouching လုပ်ခြင်းမှာ အဓိက ဘာတွေကို အဓိက စစ်မလဲ လေ့လာကြည့်ကြရအောင် -


-       (၁) ဘောက်ချာနဲ့ စာရင်းသွင်းထားတာတွေမှာ ငွေပမာဏ၊ စာရင်းခေါင်းစဉ် မှန်လား တိုက်စစ်မယ်။
-       (၂) စာရင်းအင်းဌာနတွင်းသုံး ဘောက်ချာမှာ လက်မှတ်တွေ (အထူးသဖြင့် Authorized Person လက်မှတ်) အစုံအလင်ပါရဲ့လား စစ်မယ်။
-       (၃) စာရင်းအင်းဌာနတွင်းသုံး ဘောက်ချာနဲ့ နောက်တွဲ ပြင်မှ ရလာတဲ့ ဘောက်ချာတွေ ငွေပမာဏ၊ အသုံးပြုထားတဲ့ ခေါင်းစဉ် တွဲထားတာ မှန်ကန်ရဲ့လားစစ်ဆေးမယ်။
 

-  
ဒီလိုတွေ စစ်ထားမယ်ဆိုရင် တကယ်အလွဲသုံးစား လုပ်တာလည်း မဟုတ်ဘဲနဲ့ ပေါ့လျော့လို့ ဖြစ်တဲ့ အသေးအမွှား အမှားလေးတွေက Audit Report မှာ ပါသွားစရာအကြောင်း မရှိတော့ဘူးပေါ့။ Junior တွေ ကို တာဝန်ခွဲပေးထားတဲ့ Senior တွေလည်း ပြန်စစ်သင့်သလို၊ စာရင်းကိုင်တစ်ယောက်တည်း လည်ပတ်နေရတဲ့ လုပ်ငန်း အသေးလေးတွေမှာလည်း ကိုယ်တိုင် ပြန်စစ်သင့်ပါတယ်။ လူဆိုတာ နေ့စဉ် ဒါပဲလုပ်နေရရင်ဖြစ်စေ၊ အလုပ်ရှုတ်သွားလို့ဖြစ်စေ မေ့ကျန်တာ၊ မှားယွင်းနေတာ မျိုး ဖြစ်တတ်လို့ Vouching လေး လစဉ် ဖြစ်ဖြစ် ပြန်လုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

Post နဲ့ ပတ်သတ်ပြီး ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။


Your Lovely Emily