လက်ထဲမှာ
Stock ရှိတဲ့ လုပ်ငန်းတွေအတွက် Inventory မှာ စာရင်းစစ်ရတာကလည်း တက်ညီလက်ညီ မရှိလှရင်
အင်မတန်စိတ်ရှုတ်ရတဲ့ အလုပ်ပါနော်။ လုပ်ငန်းအနေအထား နှင့် သိုလှောင်ကုန် အရေအတွက်၊
ထားရှိထားတဲ့ ကျွမ်းကျင်ဝန်ထမ်း အင်အားအပေါ်မူတည်ပြီး တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ်၊
သုံးလေးငါးလမှ တစ်ကြိမ် စသည်ဖြင့် စာရင်း စစ်ကြရပါတယ်နော်။ အဓိက ရည်ရွယ်ချက်ကတော့ စာရင်းထဲမှာ
ရှိတဲ့ Stock အရေအတွက်၊ လက်ကျန်အမျိုးအစားတွေနဲ့၊ Ground မှာ ရှိတဲ့ Stock ကိုက်ညီမှုရှိဖို့၊
အလွဲသုံးစားမှု၊ Stock ပျောက်ရှမှုတွေ လျော့ချဖို့အတွက် စာရင်းစစ်ကြရပါတယ်။
စာရင်းစစ်ကြတော့မယ်ဆိုရင်
စစ်မည့်ကာလအတွက် အနီးစပ်ဆုံး Balance ကို စာရင်းထုတ်ယူထားရပါမယ်။ ဥပမာ ၁ လပိုင်းအတွက်
စာရင်း စစ်မယ်ဆိုရင် ၁ လပိုင်း လကုန်ရဲ့ Closing Balance ကို စာရင်းထုတ်ယူထားဖို့ လိုပါမယ်။
ဒါပေမယ့် တကယ်စာရင်းစစ်မယ့် ရက်ကတော့ ရက်ခြားမှာ ဖြစ်တဲ့အတွက်။ ကြားထဲက ရက်တွေအတွက်
Adjustment ပြန်လုပ်ပြီး Ground နဲ့ စာရင်း တိုက်ရပါမယ်။ ဥပမာ နောက်လ ၅ ရက်နေ့မှ စာရင်းစစ်ဖြစ်ကြမယ်
ဆိုပါစို့။ ဒါဆိုရင် ယခင်လကုန်နဲ့ ယခု ၅ ရက်နေ့ ကြားမှာ Delivery Order ကို ကြည့်ပြီး
အတိုး၊ အလျော့တွေကို Adjustment လုပ်ပြီး Ground ကောက်တဲ့ စာရင်းနဲ့ စာရင်းကိုက်ကြရပါမယ်။
ဒီလိုဆိုရင်တော့ အပျောက်အရှ ဖြစ်တဲ့ Stock တွေ ထွက်လာနိုင်သလို၊ စာရင်းမှားသွင်းမိတဲ့
Stock တွေကိုလည်း ပြန်ပြီး ကိုက်ညှိနိုင်ပါတယ်။
Stock
List က ပြန်လည် Order မှာယူရန်၊ အရောင်းထိုင်း Stock တွေ မြင်သာရန် ပြပေးနိုင်တာဖြစ်လို့
Inventory စာရင်းက Ground နဲ့ ကိုက်ညှိပြီး မှန်ကန်နေရန် လိုအပ်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းမှာ
ပုံမှန်လေး Stock စစ်ပေးခြင်းဖြင့် တိကျတဲ့ စာရင်း Report ရနိုင်သလို Stock နဲ့ ပတ်သတ်တဲ့
လုပ်ငန်းအတွက် ဆုံးရှုံးမှုတွေကလည်း လျော့ကျစေပါတယ်။
Post နဲ့ ပတ်သတ်ပြီး
ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ
ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို
အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook
Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။Your Lovely Emily
No comments:
Post a Comment