စာရင်းကိုင်ပညာရဲ့ အသက်လိုပဲ အခြေခံစာရင်းရေးသွင်းမှုမှာ အရေးပါတဲ့ စာရွက်စာတမ်းတွေ အကြောင်းပြောပြပေးပါမယ်။ လုပ်ငန်းအနေအထားနဲ့
အသုံးပြုပုံပေါ်မူတည်ပြီး ကွာခြားနိုင်တာကြောင့် ယေဘုယျအားဖြင့် အသုံးများတဲ့ Form ပုံစံတွေကို
ပြောပြပေးပါမယ်။ ဒီစာရွက်စာတမ်းတွေက Report တွေမှာ မတွေ့ရပေမယ့် Final Report တွေ ဖြစ်လာအောင်
ရေသွင်းရတဲ့ စာရင်းတွေမှာအရေးပါတဲ့ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။
General
Ledger မှာ ထည့်သွင်းရတဲ့ စာရင်းရေးသွင်းမှုတွေအားလုံးဟာ သက်သေဖြစ်တဲ့ ဒီစာရွက်စာတမ်းတွေကို
Reference ပြန်လုပ်ကြရပါတယ်။ ဒီတော့ ကနဦးစာရင်းရေးသွင်းခြင်းအတွက် အရေးပါတဲ့ ငွေစာရင်းဌာနသုံး
Debit/ Credit Voucher တွေကနေ စပြောပါမယ်။ ဒီနေရာမှာ သုံးစွဲထားတာလေးကို ဂရုစိုက်ပြီး
ဖတ်စေချင်ပါတယ် အရှေ့မှာ (ငွေစာရင်းဌာနသုံး ဘောက်ချာ) လို့ သုံးခဲ့ပါတယ်။ ဒါကြောင့်မို့
Debit/ Credit ဘောက်ချာတွေဟာ ငွေစာရင်းဌာမှာပဲ သီးသန့်သုံးဖို့ လုပ်ထားတဲ့ ဘောက်ချာတွေ ဖြစ်ပါတယ်။
(အသင့်ဝယ်သုံးလို့ ရတဲ့ ငွေစာရင်းဌာနသုံး Voucher နမူနာလေးတွေ ပြပေးထားပါတယ်)
ဥပမာ - ရုံးသုံးဖို့ စာရေးကိရိယာတွေ သွားဝယ်မယ်ဆိုပါစို့ စာရေးကိရိယာဆိုင်က
ပေးလိုက်တဲ့ အရောင်း ဘောက်ချာရလာပါမယ်။ ဒီ ဘောက်ချာကို တရားဝင် စာရင်းသွင်းဖို့အတွက်
ငွေကိုင်၊ စာရင်းကိုင်တွေ သီးသန့် ထပ်ရေးရတဲ့ ဘောက်ချာဖြစ်လို့ ငွေစာရင်းဌာန သီးသန့်သုံးတဲ့
ဘောက်ချာလို့ သုံးနှုန်းထားတာပါ။ ပြည့်စုံတဲ့ Ledger စာရင်းရေးသွင်းမှုမှာ သက်သေအနေနဲ့
ငွေစာရင်းဌာနသုံး ဘောက်ချာ နှင့် ပြင်ပမှာ အသုံးပြုလာတဲ့ ဘောက်ချာ တွဲလျက် ထိမ်းသိမ်းထားရှိရပါမယ်။ ပြထားတဲ့ ပုံမှာ လေ့လာကြည့်ပါ။
ငွေစာရင်းဌာနမှာ ငွေကိုင်ရတဲ့ သူတွေအနေနဲ့ စာရင်းသွင်းရန် ငွေစာရင်းဌာနသုံး သီးသန့် Voucher ကို ထပ်ရေးရပါမယ်။
လက်မှတ်တွေ အားလုံးစုံအောင် ထိုးထားပြီး File မှာ တွဲပြီး ထိမ်းသိမ်းထားရမှာ ဖြစ်ပါတယ်။ ဒါမှသာ နောက်ပိုင်း စာရင်းပြန်ရှာတာပဲ ဖြစ်ဖြစ်၊ Audit က စာရင်း ပြန်စစ်တာပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
ငွေစာရင်းဌာနသုံး ဘောက်ချာ အသုံးပြုခြင်းရဲ့ အားသာချက်တွေကတော့၊ စာရင်းသွင်းတဲ့ နံပါတ် သတ်မှတ်ထာရှိရပါတယ်။ စာရင်းသွင်းတဲ့ နေ့ သတ်မှတ်ရေးသွင်းထားပါတယ်။ သတ်မှတ်ထားတဲ့ စာရင်းခေါင်းစဉ် ရွေးချယ်ထားပါတယ်။ ဘာကြောင့် အသုံးပြုသလဲ တိတိကျကျ ရေးမှတ်ထားပါတယ်။ အသုံးပြုခဲ့တဲ့ ငွေကြေးအသုံးပြုခဲ့ကြောင်းကို ငွေထုတ်သူကလည်း လက်မှတ်ရေးထိုးရပါတယ်။ ငွေထုတ်ပေးသူကလည်း လက်မှတ် ရေးထိုးရပါတယ်။ အဆုံးမှာ တာဝန်ရှိသူကလည်း လက်မှတ်ရေးထိုး ပေးထားတဲ့အတွက် ခိုင်မာတဲ့ သက်သေအထောက်အထားဖြစ်စေပါတယ်။
တစ်ချို့လုပ်ငန်းတွေမှာ ဒီိလိုမျိုး အဆင်သင့်ဝယ်သုံးရတဲ့ ဘောက်ချာ တွေကို အသုံးမပြုဘဲ ကိုယ်တိုင် စိတ်တိုင်းကျ ပြန်လည်ရေးဆွဲထားတဲ့ ဘောက်ချာပုံစံတွေကိုလည်း အသုံးပြုတတ်ကြပါတယ်။ စိတ်ဝင်စားသူများ လေ့လာနိုင်အောင် နမူနာ Excel Template တွေကို တင်ပေးထားလို့ Download ရယူလေ့လာ အသုံးပြုနိုင်ပါတယ်။
Payment Voucher
Receipt Voucher
Payment Voucher (Short Style)
Receipt Voucher (Short Style)
ပြင်ပမှာ အသုံးပြုလာပြီး ဘောက်ချာမရတဲ့ စရိတ်တွေအတွက် Acknowledgement Voucher ကို အသုံးပြုနိုင်ပါတယ်။
ဘောက်ချာမရသေးတဲ့ ကြိုတင်ငွေထုတ်မယ့် ငွေအထွက်အတွက် Advance Voucher ကို အသုံးပြုနိုင်ပါတယ်။
တစ်ချို့လုပ်ငန်းတွေမှာ ဒီိလိုမျိုး အဆင်သင့်ဝယ်သုံးရတဲ့ ဘောက်ချာ တွေကို အသုံးမပြုဘဲ ကိုယ်တိုင် စိတ်တိုင်းကျ ပြန်လည်ရေးဆွဲထားတဲ့ ဘောက်ချာပုံစံတွေကိုလည်း အသုံးပြုတတ်ကြပါတယ်။ စိတ်ဝင်စားသူများ လေ့လာနိုင်အောင် နမူနာ Excel Template တွေကို တင်ပေးထားလို့ Download ရယူလေ့လာ အသုံးပြုနိုင်ပါတယ်။
Payment Voucher
Receipt Voucher
Payment Voucher (Short Style)
Receipt Voucher (Short Style)
ပြင်ပမှာ အသုံးပြုလာပြီး ဘောက်ချာမရတဲ့ စရိတ်တွေအတွက် Acknowledgement Voucher ကို အသုံးပြုနိုင်ပါတယ်။
ဘောက်ချာမရသေးတဲ့ ကြိုတင်ငွေထုတ်မယ့် ငွေအထွက်အတွက် Advance Voucher ကို အသုံးပြုနိုင်ပါတယ်။
Post နဲ့
ပတ်သတ်ပြီး ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ
ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့
အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို
Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your
Lovely Emily
No comments:
Post a Comment