Wednesday, August 8, 2018

အသုံးစရိတ်မသုံးရသေးခင် ငွေကြိုထုတ်ခဲ့လျှင် စာရင်းမရှုတ်ရအောင်


လုပ်ငန်းအတွက် ငွေပေးချေစရာ၊ ၀ယ်ယူစရာ ကိစရပ်တွေ ရုံးပြင်ပမှာ ရှိခဲ့ရင် ကြိုတင်ငွေ ထုတ်ခြင်း ကို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အများစုကတော့ နားလည်မှုနဲ့ ငွေကိုအလွတ်အတိုင်း ထုတ်ပေးလိုက်ပြီး နေ့စဉ် Cash Report မတင်ရတဲ့ လုပ်ငန်းတွေမှာ ငွေအကွာအတိုင်းထားပြီး တစ်ရက်တာကို အဆုံး သတ်ဖြစ်ကြပါတယ်။ Cash အကွာမခံနိုင်တဲ့ လုပ်ငန်းတွေကျတော့လည်း Debit Voucher နဲ့ ငွေထုတ်ပေးလိုက်ပြီး ပြန်လည် ငွေရှင်းတဲ့ အချိန်မှာသာ အပိုအလိုအတိုင်း စာရင်း ပြန်လည် ညှိတာမျိုးလည်း စီစဉ်ကြပါတယ်။



ဒီနေရာမှာတော့ အားလုံးအတွက်အဆင်ပြေဆုံး အတိကျဆုံး Form Format လေးကိုပြောပြပေးချင်ပါတယ်။ Form ပုံစံလေးကိုတော့ အောက်မှာ Download ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ Form လေးမှာ ဇယား ၂ ကွက် ပါရှိပြီး။ အပေါ်ဇယားမှာတော့ Advance ကြိုတင်ငွေ ထုတ်မယ့် အချိန်မှာ ထုတ်ချင်တဲ့သူက အကြောင်းအရာ အပြည့်အစုံဖြည့်စွက်ပြီး Approved လုပ်မယ့်သူရဲ့ လက်မှတ်ကို ယူဆောင်လာပေးပြီး Finance မှာ ငွေလာထုတ်ရမှာ ဖြစ်ပါတယ်။ Approved လက်မှတ်ပါတဲ့ ဒီ Form ကို ငွေထုတ်ပေးတဲ့ သူက လက်ခံပြီး ငွေထုတ်ပေးတဲ့အခါမှာ အသီးသီးလက်မှတ်ထိုးပြီး စာရင်းသွင်းတဲ့သူရဲ့ လက်ထဲမျာ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

ကြိုတင်ငွေကို အသုံးပြုလာပြီး ပြန်လည် ရှင်းမယ့်အခါမှာတော့ အောက်က ဒုတိယ ဇယားကို အသုံးပြုကြရမှာဖြစ်ပါတယ်။

စာရင်းသွင်းရာမှာလည်း ငွေထုတ်တဲ့ နေ့မှာ ထုတ်တဲ့ အတိုင်း Cash Book မှာ Cash Out ပြီး၊ ပြန်လည် စာရင်းရှင်းတဲ့ အချိန်မှာတော့ Cash In မှာ Out ထားတဲ့ငွေအတိုင်း အပြည့် ပြန်လည်ပြီး အရင် အ၀င်ပြရပါမယ်။ ပြီးမှသာ အသုံးပြုလာတဲ့ အသုံးစရိတ်များကို သူ့သက်ဆိုင်ရာ စာရင်းခေါင်းစဉ်များအတိုင်း အတိအကျ Cash Out ပြန်လုပ်ပေးခြင်းအားဖြင့် စာရင်းရှုတ်တဲ့ ဒါဏ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။



နမူနာ Advance Request & Claim Form ပုံစံကို Download ရယူရန်

http://zipansion.com/2l8o1


Post နဲ့ ပတ်သတ်ပြီး ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your Lovely Emily

No comments:

Post a Comment