ဒီနေ့ တနင်္လာနေ့ဆိုတော့ ရုံးစတက်တဲ့ နေ့မှ လုပ်ဖော်ကိုင်ဖက်တွေက စကားစမြည်မေးဖြစ်ကြတယ်။ နေကောင်းလား! ဘယ်လိုလဲ! ပိတ်ရက်မှာ ဘာတွေလုပ်ဖြစ်ကြလဲ စသည်ဖြင့်ပေါ့။ ဒီလိုနဲ့ မိတ်ဆွေတို့ကို ရုံးပိတ်ရက်မှာ ဒီအတိုင်းပဲ အချိန်ကုန်သွားတာမျိုးမဖြစ်စေပဲ အကျိုးရှိရှိ အသုံးချနိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ သင်တန်းတွေ
တက်ရောက်ခြင်း (သို့မဟုတ်) မိမိကိုယ်တိုင်လေ့လာ သင်ယူခြင်း။
မိမိအလုပ်ခွင်မှာ အသုံးဝင်မယ့်၊ မိမိရှေ့ဆက်ရမယ့် လုပ်ငန်းခွင်မှာ
အဆင်ပြေနိုင်မယ့် သင်တန်းတွေ၊ ဒါမှမဟုတ်ရင်လည်း အင်တာနက်ကနေ မိမိကိုယ်တိုင်လေ့လာ သင်ယူနိုင်တာမျိုးတွေ
ဖြစ်ဖြစ် ရွေးချယ်ပြုလုပ်သင့်ပါတယ်။ သင်တန်းဆိုရင်လည်း တကယ်မိမိအတွက် ထိရောက်တဲ့ သင်တန်းမျိုးတွေကို
ရွေးချယ်တက်ရောက်သင့်ပြီး၊ မိမိကိုယ်တိုင်လေ့လာ မယ်ဆိုရင်လည်း Plan လေးချ Target လေးတွေ
ထားပြီးတော့ လေ့လာသင့်ပါတယ်။
၂။ မိမိကိုယ်တိုင်
ချက်ပြုတ်စားမယ်
ရုံးဖွင့်ရက်တွေမှာ
အလုပ်သွားရတာနဲ့အလုပ်ရှုတ်နေတော့ အပြင်စာတွေ၊ Easy Food တွေပဲ အစားများနေမှာပေါ့၊ ဒီတော့
ပိတ်ရက်လေးမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် မိမိစိတ်ကြိုက် အစားအသောက်တွေ ချက်ပြုတ်စားသောက်သင့်ပါတယ်။
မိသားစုနဲ့ နေထိုင်သူတွေအနေနဲ့လည်း ပုံမှန် မီးဖိုချောင်ဝင်ပေးနေတဲ့ သူတွေကို အနားယူစေပြီး
မိမိစိတ်ကြိုက် ၀င်ရောက်ချက်ပြုတ်ခြင်းဖြင့် မိသားစုတွေရဲ့ ချစ်ခင် နှစ်သက်ခြင်းကိုလည်း
ပိုမို ရစေနိုင်ပါတယ်။
၃။ လေ့ကျင့်ခန်းပြုလုပ်ခြင်း
မနက်ပိုင်း
ရုံးမှီဖို့အသည်းအသန်သွားရ၊ ညဖက်လည်း ရုံးက ပြန်တာ နောက်ကျတာနဲ့ ဟိုဟိုဒီဒီသွားနေတာနဲ့
လေ့ကျင့်ခန်း လုပ်ဖို့ အချိန် မပေးနိုင်တဲ့ သူတွေအတွက်ကတော့ ရုံးပိတ်ရက်တွေမှာ လေ့ကျင့်ခန်းပြုလုပ်တာ
အကောင်းဆုံး အချိန်ကို အသုံးပြုခြင်းပါပဲ။
၎။ မိမိဘ၀ကို
အစီအစဉ်ချမယ်
အလုပ်တွေနဲ့
တစ်ချိန်လုံး လည်ပတ်နေသူတွေ အဖို့ မိမိအနာဂတ်ဘ၀ရှေ့ရေးတောင် မတွေးနိုင်တာမျိုးတွေ ကြုံနေရပြီဆိုရင်တော့
အပတ်စဉ်ရုံးပိတ်ရက်လေးတွေမှာ မိမိ ရှေ့ဆက်ရမယ့် ဘ၀အတွက် Plan လေးတွေ ကြိုတင်ချထားနိုင်ပါတယ်။
မိမိဘယ်အတိုင်းအတာထိ ဆက်သွားမယ်၊ ဘ၀မှာဘာတွေဖြစ်ချင်တယ်၊ ဘယ်လိုတွေဖြစ်အောင်လုပ်မယ်
စသည်ဖြင့် ကြိုတင်ပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။
၅။ စာဖတ်မယ်
စာဖတ်ခြင်းကတော့
အထွေအထူးပြောနေစရာမလိုအောင်ကို အကျိုးများကြောင်းတော့ အားလုံးသိပြီးသားပါနော်။ အပတ်စဉ်ရုံးပိတ်ရက်တွေက
ကိုယ်ဝါသနာပါတဲ့ စာပေတွေ အချိန်ပေး ဖတ်ရှုဖို့ အကောင်းဆုံး အချိန်တွေပါပဲ။
၆။ မိသားစုနဲ့
အချိန်ဖြုန်းမယ်
ဒါကတော့ မိသားစုကြားမှာ
နွေးထွေးမှုကိုရရှိနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါပဲ။ ပိတ်ရက်တွေမှာ မိသားစုနဲ့ အတူတူ
အချိန်ဖြုန်းခြင်းအားဖြင့် သာမန်အချိန်မပြောဖြစ်တာလေးတွေ ပြောဖြစ်ကြမယ်၊ ညှိနှိုင်းဖြစ်ကြမယ်။
ဒီလိုနဲ့ မိသားစုကြားက ချစ်ခြင်းမေတ္တာက
ပိုပြီး ခိုင်မာလာနိုင်ပါတယ်။
၇။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေနဲ့
အပြင်ထွက်လည်ကြမယ်
ဘ၀ရဲ့ အစိတ်ပိုင်းတွေအနေနဲ့
ငယ်သူငယ်ချင်းတွေ၊ သူငယ်ချင်းကောင်းတွေကလည်း မေ့ထားလို့မရတဲ့ အရာတွေပါပဲ။ မတွေ့တာကြာတဲ့
သူငယ်ချင်းတွေ တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် အချိန်ပေးပြီး အပြင်ထွက်လည်တာမျိုးတွေက
စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ ပိတ်ရက်လေး အတူစုံပြီး ထွက်လည်ကြပါလို့ ပြောပါရစေ။
၈။ ရုပ်ရှင်ကြည့်မယ်
အခုလို မိုးအေးအေးလေးမှာ
တစ်ယောက်တည်း အိမ်မှာပဲ ဖြစ်ဖြစ်၊ အဖော်ကောင်းလို့ ရုပ်ရှင်ရုံမှာပဲ ဖြစ်ဖြစ် မိမိကြိုက်တဲ့
ရုပ်ရှင်လေးတွေရွေးချယ် ကြည့်ပြီး အချိန်ဖြုန်းတာကလည်း အပတ်စဉ်ရုံးပိတ်ရက်တွေအတွက်
အကောင်းဆုံး ဖြစ်စေမှာ အသေအချာပါပဲ။
Your Lovely Emily
No comments:
Post a Comment