Start a
Business with Emily အစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်လေးမှာ
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခု စတင်တော့မယ်ဆိုရင် ပြင်ဆင်ပြုလုပ်သင့်တဲ့ အချက်ကလေးတွေကို
ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့တော့ ပထနေ့အနေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်းမှာ အသေးစိတ်
ပြန်လည်လေ့လာရမယ့် အချက်ကလေးတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို
စနစ်တကျ လုပ်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်ကလေးတွေကို ပြင်ဆင်ထားသင့်ပါတယ်။
ဒါတွေကတော့
-       မိမိလုပ်မယ့်လုပ်ငန်းကို အရင် စီစဉ်ရပါမယ်။
ဥပမာ - မိမိငွေဘယ်လောက်ရင်နှီးနိုင်သလဲ၊
အဲ့အပေါ်မှာ ဘယ်လို စီးပွားရေးမျိုးကို ၀ါသနာပါတာလဲ၊ အဲ့ဒီ့စီးပွားရေးအတွက် ဘယ်လို ဖောက်သည်တွေကို
Target ထားမလဲ၊ ဘယ်လို နာမည်မျိုး ပေးမှာလဲ၊ ဘယ်သူတွေနဲ့ လုပ်မှာလဲ စသည်ဖြင့် အကြမ်းအရင်
စီထားရပါမယ်။
-       အကြမ်း စဉ်းစားပြီးပြီဆိုရင်တော့
Business Plan သေချာဆွဲဖို့လိုပါမယ်။
-       Financial Plan ဆွဲရပါမယ်။
-       ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးတရားဝင်လုပ်ငန်း
ဖြစ်အောင် လုပ်ရပါမယ်။ 
-       မိမိလုပ်ငန်း လူသိများပြီး ဖောက်သည်ရအောင်
Marketing လုပ်ရပါမယ်။
ဒါတွေကို
ကနဦးစတင် ပြင်ဆင်ပြီးရင်တော့ သင့်လုပ်ငန်း စတင်ပြီး စနစ်တကျ လည်ပတ်နိုင်ပါပြီ။
နောက်တစ်ပတ်
တနင်္လာနေ့မှာ တစ်ချက်ချင်းစီအလိုက် အသေးစိပ်ကို ပြန်လည် ရှင်းပြသွားမှာ ဖြစ်တဲ့ အတွက်
စောင့်မျှော်အားပေးကြဖို့ကို ဖိတ်ခေါ်လိုက်ပါတယ်နော်။ My Learning Diary Page လေးကို
Like & See First လုပ်ထားခြင်းဖြင့်လည်း Emily တို့ Sharing လုပ်သမျှ ဗဟုသုတတွေ၊
အသိပညာ၊ အတတ်ပညာ ရပ်တွေကို အချိန်နှင့်တပြေးညီ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
 Your Lovely Emily
ဆက်လက်လေ့လာရန် - 
Setting Out the Basics
Writing a Business Plan
Managing Your Finances
Covering the Legal Side
Marketing Your Business




No comments:
Post a Comment