Saturday, June 23, 2018

ဝန်ထမ်းတွေကို စနေ ရုံးတက်ခိုင်းခြင်းက လုပ်ငန်းရှင်တွေအတွက် တကယ်အကျိုးရှိရဲ့လား။



ကျွန်မတို့နိုင်ငံမှာ ကုမ္ပဏီတော်တော်များများက စနေ နေ့တစ်ပိုင်း (သို့မဟုတ်) တစ်ရက်လုံး ရုံးတက်ကြရပါတယ်။ ဒီလိုရုံးတက်ခိုင်းခြင်းအားဖြင့် လုပ်ငန်းအတွက် တကယ်ကော အကျိုးရှိရဲ့လားဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပထမဦးစားပေးအနေနဲ့ စဉ်းစားသင့်တာကတော့ ၀န်ထမ်းတွေ စနေရုံးတက်ဖို့ တကယ်လိုအပ်သလားပဲ ဖြစ်ပါတယ်။ International Holiday အနေနဲ့ တစ်ပတ်ကို စနေ၊ တနင်္ဂနွေ ၂ ရက်ကို နားရက်ပေးထားတာ ဖြစ်တဲ့အတွက် စနေရုံးတက်ခိုင်းခြင်းက လုပ်ငန်းအနေနဲ့ ၀န်ထမ်းအပေါ်မှာ အမြတ်ထုတ်တယ်လို့ ၀န်ထမ်းတွေအနေနဲ့ စိတ်ထင့်သွားနိုင်ပါတယ်။

ဒုတိယကတော့ ပုံမှန်အလုပ်ချိန်ထက် ပိုလုပ်ကြရတဲ့ ၀န်ထမ်းတွေဟာ စိတ်ကော၊ ကိုယ်ကော ကျန်းမာရေးအရ အားနည်းလာနိုင်ပါတယ်။ ကိုယ်ပိုင်အချိန်ကိုလည်း လျော့ကျစေတဲ့အတွက် စိတ်ဖိစီးမှုဖြစ်နိုင်ခြေ ပိုများပါတယ်။

အပြည့်အ၀ အနားမယူဖြစ်ကြတဲ့ အခါမှာ စိတ် ဖြစ်စေ၊ လူ ဖြစ်စေ၊ စိတ်ကော လူပါ နှစ်ရပ်လုံးဖြစ်စေ ပင်ပန်းလာပြီး ၀န်ထမ်းများ လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ပမာဏကို လျော့ကျစေပါတယ်။

ပိတ်ရက်အပြည့်အ၀ပေးတဲ့ လုပ်ငန်းတွေနဲ့ယှဉ်လာရင်လည်း ရည်ရှည်မှာ ၀န်ထမ်းတွေအနေနဲ့ အလုပ်ပြောင်းလဲဖို့ စဉ်းစားလာတာတွေလည်း ရှိလာနိုင်လို့ လုပ်ငန်းရှင်များအနေဖြင့် ထည့်သွင်းစဉ်စားကြဖို့ အကြံပြုလိုက်ပါတယ်နော်။

Your Lovely Emily

No comments:

Post a Comment