Thursday, June 28, 2018

အတိုကောက်သုံး စာရင်းအင်းနှင့်ဆိုင်သည့် ဝေါဟာရများ

Bookkeeping and Accounting ပညာကို လေ့လာတော့မယ်ဆိုရင် သိထားသင့်တဲ့ Abbreviations (အတိုကောက်သုံး ဝေါဟာရ) တွေကို လေ့လာကြည့်ပါနော်။


A/C – Account.
Acc – Account.
A/R – Accounts receivable.
A/P – Accounts payable.
B/S – Balance sheet.
c/d – Carried down.
b/d – Brought down.
c/f – Carried forward.
b/f – Brought forward.
Dr – Debit side of a ledger
Cr – Credit side of a ledger
G/L – General ledger
P&L – Profit and loss; (or I/S – income statement).
P/R - Payroll.
PP&E – Property, plant and equipment.
TB – Trial Balance.
GST – Goods and services tax.
VAT –  Value added tax
CST – Central sale tax.
TDS – Tax deducted at source.
AMT – Alternate minimum tax.
EBITDA – Earnings before interest, taxes, depreciation and amortisation.
EBDTA – Earnings before depreciation, taxes and amortisation.
EBT – Earnings before tax.
EAT – Earnings after tax.
PAT – Profit after tax.
PBT - Profit before tax.
Dep - Depreciation. 
Acc Dep - Accumulated Depreciation
CPO - Cash paid out.
CP  - Cash Payment.
FA - Fixed Assets
CA - Current Assets
CAP - Capital
CF - Cash Flow
CPA - Certified public accountant
COGS - Cost of Goods Sold
FE - Fixed Expenses
VE - Variable Expenses
AE - Accrued Expenses
OE - Operation Expenses

Your Lovely Emily

ဆက်လက်လေ့လာရန်-
Single-entry bookkeeping system
Double-entry bookkeeping system

Bookkeeping ကို လေ့လာခြင်း




Accounting ပညာရပ်ကို လေ့လာတော့မယ်ဆိုရင် အခြေခံဖြစ်တဲ့ Bookkeeping ကို စတင်လေ့လာရမှာ ဖြစ်ပါတယ်။ Bookkeeping ကို အလွယ်ပြောရရင်တော့ စာရင်းရေးမှတ်ခြင်းပေါ့ စာရင်းရေးမှတ်ရာမှာ ဘာတွေပါမလဲ အရောင်းစာရင်း၊ အ၀ယ်စာရင်း၊ ငွေဝင်၊ ငွေထွက် စတဲ့ လုပ်ငန်းတစ်ခုမှာ ရှိတဲ့ မှတ်တမ်းတွေ အားလုံးကို ရေးမှတ်မယ်ရတာဖြစ်ပါတယ်။ ရေးမှတ်တဲ့ နေရာမှာကော ဘယ်လို ရေးမှတ်ကြမလဲ စနစ်တကျနဲ့ ရေးမှတ် ကြရပါမယ်။ Single-entry bookkeeping system နဲ့ Double-entry bookkeeping system ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဘယ်လိုပဲ ရေးမှတ်ပါစေ အနှစ်ချုပ်ကတော့ လုပ်ငန်းရဲ့ ငွေရေးကြေးရေးနှင့် ဆိုင်တဲ့ ကိစရပ်တွေ ကို မှတ်တမ်းတင်ရတဲ့ အလုပ်ကို အခြေခံအားဖြင့် Bookkeeping လို့ နားလည်ထားရင် ရပါတယ်။

Bookkeeping ပညာဟာ အဓိကအားဖြင့် နေစဉ် လုပ်ငန်းသုံး ငွေကြေးလည်ပတ်မှုနှင့်ဆိုင်တဲ့ ကိစရပ်တွေကို တိကျတဲ့ မှတ်တမ်းတွေအနေနဲ့ Ledger တွေမှာ မှတ်တမ်းတင်ကြရပါတယ်။ ဒီ Ledger တွေကနေ Accounting Report တွေ ကို ထုတ်ကြရမှာ ဖြစ်လို့ အရေးပါတဲ့ စာရင်းရေးသွင်းမှုတွေ ဖြစ်ပါတယ်။ Bookkeeper ရဲ့ အသက်ကတော့ နောက်ဆုံး Trail Balance ကိုက်ညီရမှာ ဖြစ်ပြီးတော့ ဒီကနေတဆင့် Accountant တွေကတော့ Income Statement နဲ့ Balance Sheet ကို Bookkeeper ရဲ့ Ledger တွေ Trial တွေကနေတဆင့် ဆွဲကြရပါတယ်။

ဒါဆိုရင် Bookkeeping ပညာကို လေ့လာမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ Single-entry bookkeeping system နဲ့ Double-entry bookkeeping system ကို စတင်ပြီး လေ့လာကြပါစို့။




Single-entry bookkeeping system ကတော့ တစ်ဖက်သွင်းစာရင်း ပုံစံပါ အဓိကအားဖြင့်တော့ Daily Cash Book ကို အသုံးများပါတယ်။ နေ့စဉ် ငွေအ၀င်၊ အထွက်တွေကိုပဲ record လုပ်ထားတဲ့ ပုံစံပါ Cash Book ရဲ့ Balance နဲ့ လက်ထဲမှာ ကျန်တဲ့ ငွေစာရင်းကိုက်လို့ ရပါတယ်။ ဒီလိုပဲ petty cash, accounts payable and receivable နဲ့ Inventory Record တွေ အတွက်လည်း သုံးပါတယ်။




Double-entry bookkeeping system ကတော့ နှစ်ဖက်သွင်း စာရင်းပုံစံပါ။ Financial Transaction တစ်ခု ဖြစ်တိုင်းမှာ အမြဲတမ်း သက်ဆိုင်ရာ Ledger နှစ်ခုကို စာရင်းသွင်းပေးရတဲ့ ပုံစံဖြစ်ပါတယ်။ အဆုံးသတ်မှာ Ledger တွေရဲ့ နှစ်ဖက်သွင်း စနှစ်ကို Balance ပြန်စစ်ဖို့ Trial Balance ဖြင့် ပြန်လည် စာရင်းကိုင်ညှိရပါမယ်။

Your Lovely Emily

Single-entry bookkeeping system
Double-entry bookkeeping system