Sunday, June 17, 2018

အလုပ်လုပ်နေရတာ တကယ်ပျော်ရဲ့လား


 ကျွန်မတို့ သိလျက်နဲ့ မေ့ထားမိခဲ့တဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ ဒါကတော့ တစ်နေ့ကျရင် ကျွန်မတို့ဟာ အရာအားလုံးကို စွန့်ထားခဲ့ပြီး သေဆုံးကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘာလို့များ အသက်ရှင်နေစဉ်ကာလမှာ ငွေတစ်ခုတည်းအတွက် ကျွန်မတို့ တစ်ကယ်မနှစ်သက်တဲ့ အလုပ်တွေကို လုပ်နေကြမှာလဲ? 

အတိတ်ကို ပြန်ကြည့်လိုက်ကြရရင် ဖြူစင်လွတ်လပ်တဲ့ ကလေးဘ၀၊ ပျော်ရွှင်စရာကောင်းတဲ့ ဆယ်ကျော်သက်လူငယ်ဘ၀ တွေမှာတော့ အများစုက ပျော်ရွှင်လွတ်လပ်စွာ ဖြတ်သန်း ခဲ့ကြရပါတယ်။ ဒါပေမယ့် အသက် ၂၀ ၀န်းကျင် မှာတော့ အလုပ်ခွင်ကို စတင်ဝင်ရောက်ကြရပြီး အသက် ၆၀ ဒါမှမဟုတ် ၆၅ နှစ်လောက်အထိကို ပျဉ်းမျှ အလုပ်လုပ်ကြရပါတယ်။ ယနေ့ခေတ်မှာ ကျွန်မတို့ 
တော်တော်ကံကောင်းမှသာ အသက် ၈၀ ထိ အသက်ရှင် နေထိုင်ကြရမှာ ဖြစ်ပါတယ်။ 

ကဲ ဒါဆိုရင် ကျွန်မတို့ရဲ့ အဓိက အသက်ရှင်နေထိုင်မှုကို ကြည့်ကြရအောင် အသက် ၂၀ ကနေ အများဆုံး ၆၅ အထိ နှစ်ပေါင်း ၄၀ ကျော် ၅၀ လောက်ကို အလုပ်လုပ်ခြင်း ဖြင့် အချိန်ကုန်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ကာ စစ်တမ်းများအရ ၈၀ ရာခိုင်နှုန်းသော အမေရိကန်နိုင်ငံသားတွေဟာ အလုပ်ခွင်မှာ မပျော်မွေ့ကြပါဘူး။ တရုတ်နဲ့ ဂျပန် နိုင်ငံတွေမှာတော့ ၉၄ ရာခိုင်နှုန်း အထိတောင် ရှိပါတယ်။ ဒီစစ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့တွေဟာ အလုပ်တွေသာ လုပ်နေကြတာ အများစုက မိမိအလုပ်ခွင်ဘ၀ကို မုန်းကြတယ်ဆိုတာ သိသာနေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့ မပျော်ရွှင်တဲ့ ဘ၀နဲ့ပဲ ဘ၀ရဲ့အချိန်တွေကို အကုန်ခံကြရပါတယ်။ ဒီလိုနဲ့ ဘ၀ကို အချိန်ကုန်လာကြတာ ၆၅ နှစ် ပတ်ဝန်းကျင်မှာ ကျွန်မတို့တွေ ပျော်ရွှင်စရာမကောင်းတဲ့ အလုပ်ခွင်ကို အနားယူဖြစ်ကြပါတယ်။ 

ဒီအချိန်မှာ ပြန်စဉ်းစားမိစေချင်တာက ကမ္ဘာမှာ ၈၅ ရာခိုင်နှုန်းသော လူသားတွေ အသက် ၆၅ မတိုင်မှီသေဆုံး နေကြပြီပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်မတို့ဟာ ၈၅ ရာခိုင်နှုန်းထဲ မပါဝင်ဘူးဆိုမှ လုပ်ငန်းခွင်မှ အနားယူပြီးနောက် ဆက်လက်ပြီး အသက်ရှင် နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ သင်ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေ မဆုံးရှုံးရအောင် ဘ၀မှာ အသက်ရှင်နေရတုန်း စိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရဖို့လိုပါတယ်။ တကယ်လို့ အခုသင်လက်ရှိလုပ်နေတဲ့ အလုပ်က သင်အတွက် တကယ်ကို မုန်းစရာကောင်းတဲ့ အလုပ်ခွင်၊ ဘာအခွင့်အလမ်းမှ ထပ်မရနိုင်တော့တဲ့ အလုပ်ခွင် ဆိုရင်တော့ သင်ဟာ အလုပ်ထွက်လိုက်ဖို့ တိုက်တွန်းပါရစေ။ 

ငွေအတွက်တော့ ဒီဘ၀မျိုးကို မရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ပြောင်းလဲ ဖို့ကို ကြောက်လန့်ပြီး သင်နဲ့ မသင့်တော်တဲ့ နေရာမှာ ကျိတ်မှိတ်မနေပါနဲ့။ သင့်အတွက် တကယ် စိတ်ချမ်းသာစေပြီး အဆင်ပြေတဲ့ ငွေရှာနည်းမျိုးကို ပြောင်လဲသင့်ပါတယ်။ ကောင်းသော ပြောင်းလဲ ခြင်းများအတွက် ပြောင်းလဲဖို့ ဘယ်တော့မှ မကြောက်ပါနဲ။ အချိန်နှောင်းသွားပြီ ဆိုတာ မရှိပါဘူး သင်ပျော်ရွှင်နိုင်မယ့် နေရာမှာ နေဖို့ နည်းလမ်းကိုရှာပြီး ပြောင်းလဲလိုက်ပါ။ အသက်ရှင်နေရတာ တန်ဖိုးရှိလို့ ကိုယ်ဝါသနာပါတာလေးတွေကို ရှာဖွေရင်း မိမိနဲ့ကိုက်ညီအဆင်ပြေတဲ့ အလုပ်ခွင်ကို ရှာဖွေနိုင်ကြပါစေ။ အားလပ်ချိန်တွေများများယူပြီး မိမိချစ်ရသူတွေကို အချိန်တွေခွဲပေးရင်း ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်သွားနိုင်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

Your Lovely Emily

No comments:

Post a Comment