Wednesday, June 20, 2018

သင့်စီးပွားရေးကို အလျင်မြန်ဆုံးနဲ့အခိုင်မာဆုံး ကြီးထွားတိုးတက်စေမယ့် အချက် ၇ ချက်

စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ရတာ မလွယ်လှပါဘူး။ လုပ်ငန်းတစ်ခုကို အခက်အခဲမရှိ စတင်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ။ ကြိုတင်မတွေးဆနိုင်တဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတွေ အတွက် ဘာတွေကို သတိပြုဖို့လိုမလဲ။
ဆေဘက်ဆိုင်ရာနယ်ပယ်မှာ ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီးနောက် လန်ဒန်မြို့နယ်မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်ခဲ့ရာက ကမ္ဘာအနှံ့ ဆေးခန်းတွေ တိုးချဲ့နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဒေါက်တာ ဆန်လူဒရာက စီးပွား ရေးစတင်လုပ်ကိုင်ရာမှာ အမြန်ဆုံးနဲ့ အခိုင်မာဆုံး တိုးတက်လာစေဖို့ လုပ်ဆောင်သင့်တဲ့အချက် ၇ ချက်ကို အခုလိုမျှဝေခဲ့ပါတယ်။

၁။ အချက်အလက်တွေအကြောင်း

> အောင်မြင်တိုးတက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ဆောက်ဖို့ အဓိကကျတဲ့အရာတွေက နက်နဲတဲ့ အချက်အလက်တွေပါ။ဒေါက်တာဆန်ကတော့ ပိုသိလေလေ ပိုပြီးတိုးတက်လေလေလို့ ပြောလေ့ရှိပါ တယ်။ လုပ်ငန်းအောင်မြင်တိုးတက်ဖို့ သိထားသင့်တဲ့ အချက်အလက်တွေကတော့-
- ကိုယ့်ရဲ့ အရောင်းဈေးကွက်မှာ ဖောက်သည်တွေ ဘယ်လိုအခြေအနေရှိလဲ
- အပြောင်းအလဲဖြစ်ဖို့ အချိန်ဘယ်လောက်ကြာလဲ
- ဖောက်သည်အဖြစ် ဘယ်လောက်ကြာကြာရှိနေခဲ့လဲ
- ဘယ်လိုအကြောင်းပြချက်တွေကြောင့် ဖောက်သည်တွေကို လက်လွှတ်လိုက်ရတာလဲ
- ကိုယ်နဲ့ဖောက်သည်တွေ ဘယ်လိုချိတ်ဆက်ခဲ့တာလဲ
- ဖောက်သည်တွေကို စွဲဆောင်နိုင်ခဲ့တာက ဘာတွေလဲ
- ဖောက်သည်တွေကို စိတ်ပျက်စေတာက ဘာတွေလဲ
- ကိုယ်ရဲ့ ကုန်ပစ္စည်း/၀န်ဆောင်မှုနဲ့ အရေးကြီးဆုံးက ဘာတွေလဲ
- ဖောက်သည်တွေ သဘောကျတာက ဘာဖြစ်မလဲ

၂။ အစစအရာရာ ရိုးရှင်းမှုရှိပါစေ

ရှုပ်ထွေးမှုက စွမ်းဆောင်ရည်ပိုင်းကို ထိခိုက်စေရုံသာမက လုပ်ငန်းဖွံ့ဖြိုးတိုးတတ်မှုကိုပါ နှောင့်နှေးစေပါ တယ်။ ဒါကြောင့် ဖောက်သည်တွေနဲ့ အလွယ်တကူထိတွေ့နိုင်ပြီး မြန်ဆန်မှုရှိစေဖို့ လုပ်ငန်းစဉ်တွေ အားလုံး ရိုးရှင်းမှုရှိပါစေ။

၃။ လိုအပ်ရင် အကူအညီတောင်းပါ
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ကြသူတွေဟာ အကူအညီတောင်းရတာကို အားနည်းချက်ကြီးတစ်ခုလိုမြင်တတ်ကြပါတယ်။အကူအညီတောင်းတာက အားနည်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ သူများရှေ့ မှာ ကိုယ်အားနည်းနေတဲ့ အခြေအနေကို ဖော်ပြဖို့ဝန်မလေးတာက သန်မာတဲ့ လက္ခဏာတစ်ခုပါ။

၎။ တန်ဖိုးရှိတဲ့ကုန်စည်က အချိန်

ငွေဘယ်လောက်ရှာနိုင်နိုင် မဖန်တီးနိုင်တဲ့ တစ်ခုတည်းသောအရာက အချိန်ပါ။တစ်ရက်မှာ ၂၄ နာရီပဲရှိ ပါတယ်။ အချိန်ကိုပိုပြီးစီမံခန့်ခွဲနိုင်လေလေ လုပ်ငန်းခွင်စီမံခန့်ခွဲမှုကို ပိုပြီးထိန်းချုပ်နိုင်လေလေပါပဲ။

၅။ ငြင်းလိုက်ပါ
အပေါ်မှာပြောခဲ့သလိုပဲ အချိန်ကုန်မယ့်အရာတွေကိုသာမက ကိုယ့်ရည်မှန်းချက်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အရာအားလုံးကို ငြင်းပယ်ဖို့ လိုပါတယ်။ လိုအပ်ချက်အတွက် ချိန်ဆမှုတွေက ရွေးချယ်ဖို့အတွက် ခက်ခဲစေ ပါတယ်။ ဘယ်လိုစွမ်းဆောင်ရည်မျိုးကို လိုအပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။ အတော်ဆုံး၊ အရည်အချင်းအရှိဆုံး စွမ်းဆောင်ရည် မြင့်သူတွေကိုပဲ ရွေးချယ်ခန့်အပ်ပါ။ သာမန်ကာ လျှံကာဆိုရင်တော့ ငြင်းပယ်လိုက်ပါ။

၆။ အလိုက်သင့်ဖြစ်ပါစေ
ရည်မှန်းချက်ခိုင်မာဖို့လိုပါတယ်။ ဒါပေမဲ့ ကြုံတွေ့ရတဲ့အခြေအနေနဲ့ အလိုက်သင့်ရှိဖို့တော့ လိုအပ်ပါလိမ့် မယ်။ဈေးကွက်ပေါ်မူတည်ပြီး ဦးတည်ချက် မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်တာက အောင်မြင်မှုအတွက် အဓိက ကျပါတယ်။ ကိုယ်ရဲ့စံပြဖောက်သည်တွေဆီကို သွားပါ။ လေ့လာစူးစမ်းပါ။ အလိုက်သင့်ပြင်ဆင်ပါ။ ဒီအတွက် အကျိုးကျေးဇူးကိုခံစားရမှာပါ။

၇။ ဆက်လက်ကိုယ်ရည်သွေးပါ

ကိုယ်ရဲ့ တိုးတက်မှုဟာ ကိုယ့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနဲ့ ယှဉ်တွဲနေတတ်ပါတယ်။ ကိုယ်တိုင်တိုးတက်ဖို့ မကြိုးစားရင် ကိုယ့်ရဲ့လုပ်ငန်းမှာလည်းထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါ။ လမ်းပြ ဆောင်နိုင်မယ့်သူကိုရှာပါ။ ထူးချွန်ထက်မြက်တဲ့ အသိုင်းအ၀ိုင်းနဲ့ နီးစပ်မှုရှိအောင်ကြိုးစားပါ။ တာဝန်ယူ တာဝန်ခံနိုင်တဲ့ အသိုင်းအ၀န်း အဖွဲ့အစည်းဆိုတာ လုပ်ငန်းတစ်ခုစတင်ဖို့ချိန်ဆတဲ့အခါမျိုးမှာ အထောက်အကူဖြစ်စေပါတယ်။

Your Lovely Emily

No comments:

Post a Comment