Thursday, June 21, 2018

ဝိတ်လျော့တယ်ဆိုတိုင်း ဆီတွေဖြတ်ရမှာလား?

စာတွေလေ့လာတာများတော့ ဒီတစ်ခေါက် ကျန်းမာရေးဘက်ကို ပြောကြရအောင်။ ကျန်းမာရေးဆိုလို့ တခြားမဟုတ်ပါဘူး အခုနောက်ပိုင်း လူတစ်ကာပါးစပ်ဖျားမှာ အထူးသဖြင့် ကိုယ်တွေလို ပြည့်ပြည့်ဖြိုးဖြိုး လှလှပပ အဲ့လေ မဟုတ်ပါဘူး မမ၀၀ လေးတွေ အမြဲပြောနေဖြစ်တဲ့ ၀ိတ်ချမယ်ဆိုတဲ့ အကြောင်းလေးပါ။



ဟိုတစ်လောက Dee Dee Burmese Vlog က လုပ်ပြသွားတဲ့ ကြက်ဥပြုတ်နဲ့ ၀ိတ်ချနည်းလေ။ တစ်ပတ်တည်းနဲ့ ၁၀ ပေါင်တောင်ကျတယ်ဆိုတော့ အလယ့် ဘယ်ဆိုးလို့လဲ ကိုယ်တွေလည်း လိုက်လုပ်မယ်ပေါ့။ ၂ ရက်ပဲ ခံလိုက်တယ် ကြက်ဥပြုတ်ဆို မမြင်ချင် မကြားချင် မစားချင် ကို ဖြစ်သွားတော့တာပဲ။ ပြီးတော့ ငတ်သမျှတွေ ဟိုလိုအတိုးချစားလိုက် ဒီလိုအတိုးချစားလိုက်နဲ့ နောက်ဆုံးတော့ ဒုံရင်းက ဒုံရင်း ပိုတောင် ၀လာသလားတောင် မသိတော့ပါဘူး။
ဒီတော့ဝိတ်ချတော့မယ့် မိတ်ဆွေတို့ကို အဓိကပြောချင်တာကတော့ ဘယ်နည်းပဲလိုက်လုပ်လုပ်
-      နံပါတ် ၁ အချက် စိတ်ဓာတ်ခိုင်မာပါစေ။
-      နံပါတ် ၂ အချက် အချိန်မပေးနိုင်တဲ့ ကိုယ်တွေလို ၀န်ထမ်းတွေ နည်းလမ်းရွေးရာမှာ လိုက်လုပ်ရတာ တကူးတကမဟုတ်ဘဲ လွယ်ကူပါစေ။
ကဲ ဒါဆိုရင်တော့ Emily ပြန်ကြိုးစားကြည့်မယ့် နည်းလမ်းလေးကို ပြောပြပါမယ်။ နည်းအသစ်ကို မပြောမှီ Dee Dee Burmese Vlog ရဲ့ နည်းဟောင်းလေးကို မသိသေးတဲ့ သူတွေအတွက် အရင် ပြောပြမယ်နော်။
တစ်နေ့ကို ကြက်ဥ ၆ လုံး ပြုတ်ရပါမယ်။
-      မနက်စာကို ၃ လုံးစားပါမယ်။
-      နေ့လည်စာကို ၃ လုံးစားပါမယ်။
-      ညစာကိုတော့ oatmeal စားခိုင်းပါတယ်။ Oatmeal မလွယ်ရင်တော့ အသီးအရွက် ပြုစားပါ၊ အစိမ်းသုပ်စားပါ လို အကြံပြုထားပါတယ်။
-      ကြားထဲမှာ ဗိုက်ဆာရင် ပန်းသီး၊ လိမော်သီး၊ ငှက်ပျော်သီး၊ ထောပတ်သီး စတဲ့ အသီးတွေ စားနိုင်ပါတယ်။

တစ်ဆင့်ပြန်ပြောတာဖြစ်လို့ လိုအပ်တာများရှိခဲ့ရင် တောင်းပန်ပါတယ်။ Dee Dee ရဲ့ Video အသေးစိပ်ကို ဒီမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။


ကဲ အခု Emily လုပ်ကြည့်မယ်နည်းအသစ်ကတော့ ကြက်ဥပြုတ်တော့ မစားနိုင်တော့ဘူး ရေရှည်လည်း စွဲပြီး စားကြည့်ချင်တယ် ဒီတော့ ကြက်ဥကိုတော့ သုံးပါမယ်။ ကြက်ဥဟာ ကယ်လိုရီနဲနဲနဲ့ အာဟာရအများကြီးပါလို့ ဝိတ်ချတဲ့လူတွေအတွက် အဓိကအားထားစရာပါပဲ။ အဲ့ဒီလိုကြက်ဥစားမယ်ဆိုလိုက်တဲ့အခါအပြုတ်ကိုပဲမျက်စိထဲပြေးမြင်စရာမလိုပါဘူး။ တစ်နေ့တစ်မျိုးမရိုးရအောင် ကြော်/ချက်/သုပ်/ပြုတ်/ဖုတ်စားလို့ရပါတယ်။စိတ်ပါရင် raw တောင်သောက်လို့ရပါတယ်တဲ့ကြက်ဥကြော်နဲ့ ကြက်ဥပြုတ်မှာ ကယ်လိုရီကွာတယ်ဆိုတာကလဲ အပြုတ်က ၇၈ ဆိုရင် အကြော်က ၉၀ ဆိုတော့ ၁၂လောက်ပဲကွာတာပါ။ ဒီလောက်ကလေးအတွက်နဲ့တော့ စိတ်ဒုက္ခခံစရာမလိုတော့ဘူးပေါ့နော်။ ကြက်ဥကိုခရမ်းချဉ်သီး ကြက်သွန်နီတွေနဲ့ကြော်တာမျိုးဆိုအရမ်း လည်း အရသာရှိပြီး အသီးအနှံတွေပါလို့ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
ဒီတော့ ဒီတစ်ခေါက်မှာ စိတ်ပိုင်းဖြတ်ပြီး ကြက်ဥပြုတ် ၆ လုံး အစား ကြက်ဥ ခြောက်လုံးကို အမျိုးစုံလုပ်စားပြီး ၀ိတ်လျော့တော့မှာဖြစ်တဲ့ အတွက် သူငယ်ချင်းတို့လည်း လိုက်လုပ်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။  

Your Lovely Emily

No comments:

Post a Comment