Monday, July 2, 2018

Interior Design and Landscaping တွေမှာ အသုံးများလာတဲ့ Google Product ဖြစ်တဲ့ SketchUp ကို လေ့လာမယ်။


SketchUp ဆိုတဲ့ ဆော့ဝဲလ်လေးကို Europe တို့ Thai တို့မှာ တွင်တွင်ကျယ်ကျယ် အသုံးချနေပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ တော်တော်ကို အသုံးနည်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တွင်ကျယ်လာမှာကတော့ အသေအချာပါ။ အချိန်ကုန် သက်သာတဲ့အပြင် ကွန်ပျူတာရဲ့ Performance ကိုလဲ 3D Max တို့ဘာတို့လောက် မလိုအပ်တာကြောင့် ပိုမို အဆင်ပြေစေပါတယ်။


ဒါအပြင် သူများဆွဲထားပြီးသားတွေကို အွန်လိုင်းမှာ Upload တင်ထားပေးတာကြောင့် လိုအပ်ရင် ယူပြီးအသုံးချနိုင်တဲ့ SketchUp 3D Warehouse http://sketchup.google.com/3dwarehouse/ ကြီးရှိတာကြောင့် တစ်ချို့ အရာတွေကို မိမိဘာသာ အချိန်ကုန်ခံ ဆွဲစရာမလိုပဲ ခေါ်ယူ အသုံးပြုနိုင်ပါတယ်။ ဥပမာ ရုံးခန်းတစ်ခုပုံစံကို ဒီဇိုင်းစဉ်းစားနေစဉ်မှာ Printer တစ်လုံးကို အချိန်ကုန်ခံ ဆွဲစရာမလိုပါဘူး၊ Warehouse ထဲကယူလိုက်ရုံပါပဲ။


SketchUp Software ကိုလေ့လာဖို့အတွက် အော်တိုကဒ်တတ်ထားပီးသား ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒါပေမယ့် SketchUp က Command Icon တွေက တစ်ခါတစ်ရံ တစ်ခုတည်းကို Command နှစ်ခု အနေနဲ့ အသုံးပြုတတ်ပါတယ်။ ဥပမာ- Copy နဲ့ Move ကို Icon တစ်ခုထဲ အသုံးပြုရပါတယ်။
ဒါပေမယ့် အလွယ်တကူ လေ့လာနိုင်ဖို့ အွန်လိုင်းမှာ Tutorial တွေ အများကြီး ရှိတာကြောင့် တစ်ခြားသော Software တွေထက် ပိုမို လွယ်ကူစွာ လေ့လာ သင်ယူနိုင်ပါတယ်။
SketchUp Software ကို ရိုးရိုးနဲ့ Pro ဆိုပီး နှစ်မျိုးရှိပါတယ်။

SketchUp ကို Self Learning လုပ်ဖို့အတွက်ကိုတော့ မြန်မာလိုကော PDF လေးတွေ စုပေးထားတာဖြစ်လို့ Download လုပ်ပြီး လေ့လာကြည့်လိုက်ပါအုန်းနော်....


 SketchUp Tools Basic ( PDF 2.3 MB)

http://zipansion.com/1wDNM

SketchUp Myanmar Version (PDF 2.2 MB)

http://zipansion.com/1wDQ3

Download ဆွဲရာတွင် အဆင်ပြေမှုမရှိပါက (သို့မဟုတ်) My Learning Diary Blog အတွက် ဝေဖန်အကြံပြုလိုပါက Comment Box တွင် စာချန်ထားနိုင်ပါတယ်နော်။

Your Lovely Emily 

No comments:

Post a Comment