Monday, July 2, 2018

Journal Entry ကို ဘယ်လိုအချိန်မျိုးမှာ အသုံးပြုမလဲ

စာရင်းကိုင်ပေါက်စတွေ သင်တန်းဆင်းလာပြီဆိုရင် အမေးအများဆုံးက Journal Entry ကို ဘာအတွက်သုံးတာလဲ ဘယ်လိုအချိန်မျိုးမှာ သုံးရမလဲ ပဲ ဖြစ်ပါတယ်။ Journal Entry ရဲ့သဘောသဘာဝ ကကိုက Record လုပ်တဲ့ ပုံစံမှာ ရှိပါတယ်။ ဘာကို record လုပ်လဲဆိုရင် ဘယ်စာရင်းကို Debit သွားပြီး ဘယ်စာရင်းကတော့ Credit ကို သွားမယ် စသည်ဖြင့် record လုပ်ရတာ ဖြစ်ပါတယ်။ record လုပ်ထားတဲ့အတိုင်း သက်ဆိုင်ရာ Ledger တွေကို စာရင်းသွားသွင်းရပါတယ်။


သြော် စာရင်းတိုင်းကတော့ တစ်ခုကို Debit သွားရင် နောက်တစ်ခုကို Credit သွားရမှာပဲ Emily ကတော့ လာနောက်နေပြီလိုတော့ မထင်လိုက်ပါနဲ့နော်။  စာရင်းသွင်းကြပြီဆိုရင် သက်သေဖြစ်တဲ့ Voucher တွေ လိုမျိုး တိကျတဲ့မှတ်တမ်းတွေ ရှိမှ စာရင်းသွင်းလို့ ရပါတယ်။ Expenses စာရင်းသွင်းမယ် ဆိုရင် Accountant သုံး Debit Voucher No. ကို Ref ပေးပြီးမှ သွင်းခွင့်ရှိပါတယ်။ Income သွင်းစရာ ရှိလာပြီဆိုရင်လည်း Credit Voucher No. ကို Ref ပေးပြီးမှ သွင်းရတာမျိုးပါ။ 

ဒါပေမယ့် တစ်ချို့ အတွေ့အကြုံအားနည်းပြီး Account Dept မှာ တစ်ယောက်တည်း ရှိနေတဲ့ လုပ်ငန်း သေးသေးလေးတွေရဲ့ စာရင်းကိုင်တွေမှာ Voucher တွေ မဖြတ်ဖြစ်ပဲ စာရင်းသွင်းထားတာတွေတောင် တွေ့မြင်ခဲ့ရဖူးပါတယ်။ စာရင်းကိုင်က သက်သေဖြစ်တဲ့ Voucher တွေမရှိဘဲ စာရင်းသွင်းထားခြင်းဟာ အလွဲသုံးစားမှု မြောက်ပါတယ်နော်။ အဲ့လိုပါပဲ Voucher တွေရှိပြီး တာဝန်ခံလက်မှတ်တွေ စုံအောင် မထိုးထားနိုင်ရင်လည်း Audit က အလွဲသုံးစားလုပ်ထားတယ်လို့ စွတ်စွဲနိုင်သည်အထိ ဖြစ်သွားနိုင်လို့ စာရင်းသာ သွင်းကောင်းကောင်းနဲ့ သွင်းမနေကြဘဲ Voucher တွေစုံဖို့ လက်မှတ်တွေ စုံဖို့ကို အရင်လုပ်ပြီးမှ စုံလင်တဲ့ သက်သေတွေကို စာရင်းသွင်း မှတ်တမ်း တင်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

Journal Entry ဆိုတာကတော့ အလွယ်ပြောရရင် အထက်ကလို Voucher တွေ ဖြတ်လို့မရတဲ့ စာရင်းသွင်းမှုမျိုးတွေမှာ Journal Entry ဖြင့် record လုပ်ကြရပါတယ်။ Voucher တွေက အထူးသဖြင့် ငွေဝင်၊ ငွေထွက် တွေမှာသာ ဖြတ်ကြတာ များလို့ ငွေဖြင့်မဆိုင်တဲ့ စာရင်းသွင်းမှု တွေမှာ အသုံးပြုတယ်လို့လည်း တစ်ချို့က ပြောကြပါတယ်။ ဘယ်လို အခြေအနေမျိုးတွေ ဖြစ်မလဲ လေ့လာကြည့်ကြရအောင်။
-  စာရင်းပြောင်းခြင်း
-  အမှားပြင်ခြင်း
-  စာရင်းညှိခြင်း
-  ကနဦးမှတ်တမ်းရေးသွင်းလို့မရသည့်စာရင်းသွင်းချက်များ (ဥပမာ - အကြွေးဝယ်ခြင်း/ အကြွေးရောင်းခြင်း)

Your Lovely Emily
ဒီ Blog လေးကို ဝေဖန်အကြံပြုလိုလျှင် Comment Box မှာ စာချန်ခဲ့နိုင်ပါတယ်။ Blog ထဲကဆောင်းပါးအသစ်တွေကို စဉ်ဆက်မပြတ်ပြန်လည်မျှဝေပေးနေတဲ့ My Learning Diary Facebook Page လေးကိုလည်း Like & See First လုပ်ထားကြဖို့ကိုလည်း မမေ့ကြပါနဲ့နော်။


ဆက်လက်လေ့လာရန်-
Single-entry bookkeeping system
Double-entry bookkeeping system
 


No comments:

Post a Comment