Tuesday, July 3, 2018
ထိုင်းရဲ့တစ်ချက်ခုတ်အချက်ချက်ပြတ် Marketing ကြောင့် ခေတ်သစ်ထိုင်းကြော်ငြာနည်းလမ်းသစ်များ ဖြစ်နေမလား???
ထိုင်းကပျောက်နေတဲ့ကလေးတွေတော့ပြန်တွေ့သွားပါပြီ
ဒီအပေါ်မှာဒါဟာ လိမ်ဆင်ကြီး ဂျင်းအကွက်ကြီး လို့ထင်နေသူတွေလဲရှိနေပါတယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကလေးတွေတွေ့သွားပြီမို့အားလုံးပြုံးပျော်နိုင်ကြပြီး မိသားစုတွေလဲစိတ်အေး ထိုင်းနိုင်ငံလူတွေကော တစ်ကမ္ဘာလုံးကစိတ်ဝင်စားတဲ့သူတွေပါ စိတ်အေးကြရပါပြီ
အဲ့တော့ ဒီ ကလေးပျောက်ရှာပုံတော်ကနေ ဘာတွေအကျိုးအမြတ်ရသလဲ ကြည့်ရအောင်ပါ
၁ ထိုင်းစစ်အစိုးရ နာမည်ရသွားပါတယ်
ထိုင်းစစ်အစိုးရ ဟာ ပြည်သူတွေနဲ့အတူရှိနေတယ်ဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်
၂ ထိုင်းနိုင်ငံရဲ့လူသားအပေါ်အလေးထားမှု
ပုံမှန်ဆို တော်ရုံလူပျောက်မှုကို ဒီလောက်နိုင်ငံတော်အဆင့် နဲ့ရှာမှာ မဟုတ်ပေမယ့် ခုအခါမှတော့ နိုင်ငံတော်အဆင့် ရှာဖွေမှုကြီးလုပ်ခဲ့တဲ့အတွက် ထိုင်းအစိုးရကလူသားတွေအပေါ်လေးစားမှုရှိကြောင်း သိသာသွားစေပါတယ်
၃ ထိုင်းစစ်တပ်အပေါ်ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု
လက်ရှိထိုင်းစစ်အစိုးရက ကယ်ဆယ်ရေးကို မြန်မြန်ဆန်ဆန်ပဲ နိုင်ငံတော်အဆင့်သတ်မှတ်လိုက်တာကြောင့် ပြည်သူရဲ့ယုံကြည်ကိုးစားခြင်းကို စစ်အစိုးရကော ထိုင်းစစ်တပ်ကောရရှိသွားပါတယ်။ ဒီအချက်ဟာ လက်ရှိဝန်ကြီးချုပ်အတွက် နောက်ရွေးကောက်ပွဲ မှာ အားသာစေမယ့်အချက်ဖြစ်သွားတော့မှာပါ
၎ ခရီးသွားလုပ်ငန်းတိုးတက်ရေး
စစ်အစိုးရ အာဏာသိမ်းပြီးနောက်မှာ ထိုင်းခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ကျဆင်းသွားခဲ့ပါတယ် ဒါပေမယ့်ခု အဖြစ်အပျက်ကြောင့် ခရီးသွားလုပ်ငန်းပြန်လည်တက်လာနိုင်ပြီး ထိုင်းနိုင်ငံဟာ အာမခံချက်ရှိတဲ့နိုင်ငံဖြစ်ကြောင်းပြသနိုင်ခဲ့ပါတယ်
၅ နိုင်ငံစုံဆက်ဆံရေး
နိုင်ငံတကာ ဆက်ဆံရေးမှာလဲ ဒီကလေးပျောက်ရှာဖို့ US UK Lao China Myanmar စတဲ့နိုင်ငံတွေနဲ့ပူးပေါင်းခဲ့လို့ ထိုင်းစစ်အစိုးရ ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာလဲ အဆင်ပြေတဲ့ဘက်ကို ဦးတည်သွားနိုင်ခဲ့ပါတယ်
၆ ကမ္ဘာမှာနေရာရမှု
ထိုင်းနိုင်ငံဟာ ဘုရင်ဘူမိဘော နတ်ရွာစံပြီးကတည်းက ကမ္ဘ့သတင်းတွေမှာမေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့တာပါ ခုချိန်မှာတော့ ကလေး၁၃ယောက်ပျောက်မှုကြောင့် ကမ္ဘ့ာသတင်းတွေမှာဝေဝေဆာဆာနေရာယူနိုင်ခဲ့ပါတယ် ကြော်ငြာနေရင်တောင်မှ ကြော်ငြာခပေးရဦးမယ် ခုက ကြော်ငြာစရာမလိုဘဲ သတင်းတွေဝေဝေဆာဆာဖော်ပြနေရတော့ ကမ္ဘာ့ သတင်းတွေမှာ နေရာယူနိုင်ခဲ့တာပေါ့
၇ ထိုင်းဘုရင်အသစ်ရဲ့သဘောထား
ထိုင်းဘုရင်သစ်ဟာလဲ နန်းသိမ်းပွဲခံပြီးကတည်းက လှုပ်ရှားမှုမရှိရာကနေ ဒီသတင်းကြောင့်ပဲ ဘုရင့်ရဲ့ ကရုဏာကြီးမားမှုကိုတစ်ဖက်တစ်လမ်းကဖော်ပြခွင့်ရသွားနိုင်ခဲ့ပါတယ်
၈ မိုင်းဖုန်းဆရာတော်
ဆရာတော်ကတော့ ဒီအဖြစ်ပျက်ကနေ ပိုပြီးသတင်းမွှေးသွားစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုးကွယ်ဆည်းကပ်မှုကို ပိုရစေမှာပါ
၉ ဒေသအကျိုးစီးပွား
ဒီကလေးတွေဝင်ရောက်သွားတဲ့ ဂူရှိရာနတ်သမီးလဲလျောင်းတောင်ဟာလဲ သတင်းမွှေးပြီး နောင်တစ်ချိန်မှာ ခရီးသွားတွေရဲ့အာရုံစိုက်စရာ လည်ပတ်စရာနေရာဖြစ်လာမှာပါ။ ဒါ့အပြင် ဘာသာရေးယုံကြည်ကိုင်းရိုင်းသူ နတ်ယုံကြည်သူတွေရဲ့ ကိုးကွယ်စရာ နေရာတစ်ခုဖြစ်လာပြီး ဒေသရဲ့အကျိုးစီးပွား ခရီးသွားလုပ်ငန်းဟာတဟုန်ထိုးတိုးတက်လာတော့မှာပါ
ဒါကတော့ လက်ရှိထိုင်းအစိုးရရဲ့ ကလေးပျောက်ရှာပုံတော်ကြောင့် ရလာမယ့် အကျိုးအမြတ်တွေပါပဲ
ဘယ်လိုပဲဖြစ်ဖြစ်ပါထိုင်းအစိုးရဟာ စစ်အစိုးရကြီးဖြစ်နေပါဦး ပြည်သူချစ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ အချိန်အတော်ကြာ ရှိနေနိုင်ဦးမှာဖြစ်ပါကြောင်း
Credit ANC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment