Wednesday, July 25, 2018

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပညာပေးအစီအစဉ်

Directorate of Investment and Company Administration (DICA) က ထုတ်လွှင့်ပေးနေတဲ့ ပညာပေးကာတွန်းလေးတွေကြည့်ပြီး ကုမ္ပဏီမှတ်ပုံတင်တာ လေ့လာကြရအောင်

အပိုင်း (၁) Download လုပ်ရန်

အပိုင်း (၂) Download လုပ်ရန်

အပိုင်း (၃) Download လုပ်ရန်

အပိုင်း (၄) Download လုပ်ရန်

အပိုင်း (၅) Download လုပ်ရန်

အပိုင်း (၆) Download လုပ်ရန်

Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your Lovely Emily

Tuesday, July 17, 2018

အိန္ဒိယရှေးဘုရင်ခေတ် အငွေ့အသက်တွေနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ သစ္စာ တရားတွေကို အပြည့်အ၀ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
 
 
ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်း
လွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ်
ခဲ့တဲ့ ကားလေးလည်းဖြစ်လို့ ပိတ်ရက်လေးမှာ အကြီးကြီး Feel ချင်သူတွေ လက်မလွှတ်ဖြစ်အောင် download လုပ်ထားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
 
 
 ဒီဇာတ်ကားလေးကို Channel Myanmar ကနေ သွားရောက် Download ရယူဖို့ ဒီမှာ Click ပါ။


 Your Lovely Emily
 

မိမိအတွက် အဆင်အပြေဆုံး အလုပ်ကို ရွေးချယ်မယ်။


ဒီနေ့ခေတ်အလုပ်ရှားနေတဲ့ အချိန်မှာ ဒီ အကြောင်းရေးရမှာ နည်းနည်းတော့ ရယ်ချင်စရာဖြစ်နေမလားမသိဘူး။ ဒါပေမယ့် Admin လည်း ဒီလိုအလုပ်ရှားတဲ့ ခေတ်မှာ ဒီလိုပဲအလုပ်ရွေးခဲ့တာ အဆင်ပြေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပထဦးဆုံး ပြောချင်တာကတော့ အလုပ်ရွေးရတဲ့ လူတစ်ယောက် ဖြစ်အောင် မိမိကိုယ်ကိုယ် အခြေခံကစ ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ လုံလောက်တဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ လုံလောက်တဲ့အတွေ့အကြုံ တွေရအောင်တော့ မိမိဘက်က အချိန်ပေးပြင်ဆင်ထားရပါလိမ့်မယ်။ အများနဲ့ ယှဉ်ပြိုင်နေရတဲ့ ခေတ်မှာ ရွေးစရာတွေ အများကြီးထဲက မိမိကို ရွေးချယ်ဖို့ ဆိုရင်တော့ မိမိကိုယ်တိုင်က အများနဲ့မတူ တမူထူးပြီး တစ်နေရာမှာ သာနေအောင်တော့ မိမိဘက်က အချိန်ပေးကြိုးစားထားရပါလိမ့်မယ်။

ကဲ ဒီနေ့ကတော့ အလုပ်ရွေးမယ့် အကြောင်းပြောမှာဆိုတော့ ပြင်ဆင်တဲ့ အပိုင်းတွေကိုတော့ သီးသန့်ဖတ်လို့ ရအောင် ဆောင်ပါးအောက်ဆုံးမှာ ပြန်ညွှန်းပေးထား ပါမယ်နော်။

၁။ တည်နေရာ

အလုပ်တွေ စလျှောက်ပြီ ဆိုကတည်းက မိမိအမြဲတမ်း နေထိုင်ရာနေရာနဲ့ အနီးဆုံး၊ မဟုတ်ရင်လည်း သွားလာရ လမ်းကြောင်း သင့်တဲ့ နေရာက အလုပ်တွေကိုသာ ရွေးချယ် ထားသင့်ပါတယ်။ အလုပ်လျှောက်နေတုန်းတော့ အလုပ်ရချင်စောနဲ့ ရရာ လုပ်မယ်ဆိုပြီး ဝေးတဲ့နေရာတွေ၊ လမ်းကြောင်းမသင့်တဲ့ နေရာတွေ ရွေးချယ်မိခဲ့ရင်။ နေ့စဉ် အလုပ်သွားရာမှာ အဆင်မပြေနိုင်ပါဘူး။ တစ်ရက်နှစ်ရက်လည်း မဟုတ် အဆင်ပြေနေသမျှ နေ့စဉ်သွားနေရမယ့် လမ်းခရီး ဖြစ်လို့ နေရာရွေးချယ်မှုကလည်း အရေးကြီးပါတယ်။

၂။ မိမိအတွက် အခွင့်အလမ်း

အလုပ်ကတော့ ရတာဟုတ်ပါပြီ။ အလုပ်လုပ်နေစဉ်အတွင်း မိမိအတွက် ပညာရနိုင်မလား၊ မိမိကြိုးစားရင် ကြိုးစားသလောက်ကော ရာထူး တက်နိုင်မလား၊ မိမိပင်ပင်ပန်းပန်း ကြိုးစားပြီး နှစ်ရှည်လုပ်ရလောက်အောင်ကော လုပ်ငန်းက ခိုင်မာရဲ့လား စတာတွေ Interview ဖြေကတည်းက မေးသင့်တာမေး၊ အပြင်ပန်း လေ့လာသင့်တာ လေ့လာ၊ မိမိကိုယ်တိုင် လုပ်ငန်းရဲ့ Website တို့ Facebook Page တို့ကနေ စုံစမ်းသင့်တာ စုံစမ်း ပြုလုပ် သုံးသပ်သင့်ပါတယ်။

၃။ လစာ

လုပ်ခ လစာအနေနဲ့ မိမိ ရောက်နေတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ လစာ ရရှိဖို့ကလည်း အရေးကြီးပါတယ်။ မိမိရဲ့ လစာကို မိမိကိုယ်တိုင် သတ်မှတ်ရမယ့် အနေအထားကို ရောက်နေပြီဆိုရင်တော့ မိမိနဲ့ထိုက်တန်တဲ့ လစာ ရရှိဖို့ အလုပ်က စဉ်းစားပေးရဲ့လား ဆိုတာလည်း အရေးကြီးပါတယ်။ ငွေအတွက် အလုပ်လုပ်နေကြတာ မဟုတ်ဘူးဆိုပေမယ့်၊ မိမိနေ့စဉ်ဘ၀ လှုပ်ရှားသွားလာ စားသောက် သုံးစွဲဖို့ မိမိရဲ့ တာဝန်ယူထားတဲ့ အလုပ်နဲ့ ကိုက်ညီတဲ့ လုပ်ခလစာတော့ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။

ကဲ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားလို့ အဆင်ပြေတဲ့ အလုပ်ခွင်ကို တွေ့ပြီဆိုရင်တော့ မိမိကိုယ်တိုင်ကသာ အကောင်းဆုံး ကြိုးစားဖို့ အကြံပေးလိုက်ပါတယ်နော်။

Your Lovely Emily

တစ်သက်လုံး အသက်မွေးဝမ်းကျောင်းပြုမယ့် အလုပ်ကို ဘယ်လိုရွေးချယ်ကြမလဲ?

ဒီနေရာမှာ ပြောချင်တာကတော့ တစ်သက်တာအတွက် အသက်မွေးဝမ်းကျောင်းပြုမယ့်အလုပ်ကို ရွေးချယ်ကြတဲ့ နေရာမှာ မှားယွင်းနေတာလေးတွေ ရှိနေပါတယ်။ မိမိလျှောက်မယ့်လမ်းကြောင်းကို ရွေးချယ်တဲ့ နေရာမှာ မိမိကိုယ်ကို မလေ့လာဖြစ်ကြဘဲနဲ့ ပတ်ဝန်းကျင်က လူတွေ ဘာတွေလုပ်နေကြသလဲ ဘယ်လိုအလုပ်မျိုးက ပိုမိုတွက်ခြေကိုက်မလဲ ဆိုတာအပေါ် မူတည်ပြီး ရွေးချယ်လာကြတာကို တွေ့နေရပါတယ်။ ဒီနည်းလမ်းက မိမိအတွက် မိမိကိုယ်ကို ပိတ်လှောင်သလို ရွေးချယ်မှုမျိုးကို လုပ်မိတာ အချိန်တွေကုန်သွားမှ နောင်တရနေတာမျိုးတွေ ဖြစ်နိုင်လို့ပါ။



မိမိအတွက် ၀ါသနာပါနေတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ မိမိအတွက် ပျော်ရွှင်စရာကောင်းနေတဲ့ အလုပ်ကသာ မိမိကိုယ်ကိုယ်ကော၊ မိမိပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲစေမှာပါ။ ဒီတော့ မိမိကိုယ်ကို ဘာဝါသနာပါလဲ မရေရာဘဲ မိမိဘာလုပ်သင့်လဲ မသိသေးသူတွေအတွက် အောက်ပါ အချက်လေးတွေကို စမ်းစစ်ကြည့်ကြရအောင်...

၁။ ကိုယ်ဘယ်အလုပ်လုပ်ရရင် ပျော်သလဲ (သို့ ) ဘယ်လို အလုပ်မျိုး လုပ်ရင် ထူးချွန်လာမှာလဲ ဆိုတာကို ရှာဖွေရပါမယ်။

အသက်ငယ်ရွယ်ချိန်မှာ သေချာမသိသေးတာမျိုးလည်းဖြစ်နိုင်တာကြောင့်
လုပ်အားပေးပုံစံခွင့်ပြုမယ့် လုပ်ငန်းရှင် တွေထံချဉ်းကပ်သင့်ပါတယ်။
အစမ်းလုပ်ကြည့်တဲ့အခါ ကိုယ်စိတ်ကူးထားတဲ့အလုပ်နဲ့ ကိုက်ညီမှုရှိမရှိ သတိပြုမိပါလိမ့်မယ်….


၂။ ဘယ်လိုရှာဖွေရမလဲ?

စာတွေအများကြီးဖတ်ပြီး ရှာဖွေဖို့ လိုပါတယ်။ အချက်အလက်တွေစုဆောင်းရမယ်။
ကိုယ်ကလည်း ပျော်မယ်၊ ကိုယ့်အနေနဲ့ လုပ်ရတာ အဆင်ပြေမယ်ဆိုရင်တော့ တသက်လုံးလုပ်သွားဖို့မခက်တော့ပါဘူး။ အဲ့သလို အလုပ်ကို မတွေ့မချင်း ရှာဖွေမှုကို မရပ်တန့် ပါနဲ့ ။
တဖြည်းဖြည်းနဲ့ ကိုယ်နဲ့ ကိုက်ညီမယ့်အလုပ်ကို ရှာရတာ ဘောင်ကျဉ်းသွားပါလိမ့်မယ်။
အလုပ်တစ်ခုကို လုပ်ရတာ ပျော်တယ်၊ ကိုယ်လုပ်ရတာလည်း အံ့ဝင်ဂွင်ကျဖြစ်မယ်ဆိုရင်တော့
World class. ကမ္ဘာ့ပထမတန်းစားအဆင့်ထိ ရောက်ဖို့
လွယ်ကူသွားပါလိမ့်မယ်။


၃။ ငွေကို အခြေပြုမစဉ်းစားပါနဲ့ ။ တိုးတက်ဖွံ့ဖြိုးမှုကိုရှေးရှုပါ။

ကျွန်မတို့ အလွဲကြီးလွဲတတ်တဲ့ အလွဲတစ်ခုကတော့ ငွေကို ဗဟိုပြုစဉ်းစားတာမျိုးပါ...
ဒါဟာလည်း မထူးဆန်းပါဘူး… လူ့ အသိုင်းအ၀ိုင်းရဲ့ဖိအားပေးခံရတယ်၊
ဆွေမျိုးတသိုက်က ၀င်ရောက်ခြယ်လှယ်တာတွေရယ်၊အများအကြိုက်နောက်လိုက်ရတာတွေရယ်၊ သူတပါးနဲ့ မတူဘဲ ကွဲပြားနေတာကိုစိုးရိမ်နေရတာရယ် အမျိုးမျိုးဖြစ်နိုင်ပါတယ်...

အဲ့ဒါကြောင့် ငွေနဲ့ အများအကြိုက်နောက်ကို မလိုက်ပါနဲ့ ။
ကိုယ့်နှလုံးသားကလာတဲ့ ဖြစ်ချင်တဲ့အလုပ်ကိုသာ ရှာပါ။ နေ့စဉ် တိုးတက်အောင်လုပ်သွားပါ။ ငွေနဲ့အောင်မြင်မှုတွေက နောက်ကလိုက်လာပါလိမ့်မယ်။

၎။ ကိုယ့်အကြောင်းကို အသေးစိပ်သိအောင်လုပ်ပါ။

ကိုယ့်အကြောင်းကိုယ် သေချာသိနေရင် ဘယ်အရာတွေကိုလက်ခံရမလည်း ဘယ်အရာတွေ ငြင်းဆန်ရမလည်း အမြင်ရှင်းသွားပါလိမ့်မယ်။
ကိုယ်ဟာ စိတ်အပြောင်းအလဲ သိပ်မြန်လွန်းတဲ့သူများလား?
လူအများနဲ့ ဆက်ဆံရတာ ပျော်တဲ့လူမျိုးလား?
ခရီးထွက်ပြီး အစားအသောက်ကြိုက်တဲ့သူမျိုးလား?
အခန်းထဲအောင်းပြီး တကုပ်ကုပ်လုပ်ရတဲ့ စက်ပိုင်းဆိုင်ရာတွေလုပ်နေရရင် ကျေနပ်နေသူမျိုးလား
အသေးစိပ်သိအောင်လုပ်ပါ။

၅။  နောင်ဘာဖြစ်လာမလည်း သိပ်တွေးပူမနေပါနဲ့ ။ လုပ်စရာရှိတာ ခုပဲစလုပ်ပါ။


ကိုယ်တကယ်ချစ်တဲ့အလုပ်၊ ပျော်တဲ့အလုပ်ကို တွေ့ပြီဆိုရင် စွန့် စွန့် စားစား စလုပ်ပါ။
ဘ၀ဆိုတာ ဘာပြီး ဘာဖြစ်မယ်ဆိုပြီး ပါဆယ်ထုပ်လို ရောက်မလာပါဘူး။
အဲ့သလို ကြိုတင်မသိနိုင်ခြင်းသည်ပင်လျှင် ထူးကဲသော အရသာတစ်မျိုးပေးပါတယ်။
လုပ်ရင်းကိုင်ရင်းနဲ့ သိစရာတွေ သိလာပါလိမ့်မယ်။
အတွေ့အကြုံတွေက သင်ပေးပါလိမ့်မယ်။
ဒါ့ကြောင့် ကြိုတင်မသိနိုင်တဲ့ မရေရာခြင်းထဲကို တိုးဝင်ဖို့ ဝန်မလေးပါနဲ့ ။


Blog လေးကို ဝေဖန်အကြံပြုချင်ရင် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily


Monday, July 16, 2018

စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် စာအုပ်များ လေ့လာကြည့်ကြပါစို့

လုပ်ငန်းတစ်ခု စနစ်တကျ တည်ထောင်ခြင်း၏ အဓိက အသက်သွေးကြောဖြစ်တဲ့ စီမံခန့်ခွဲမှုပညာနဲ့ ပတ်သတ်ပြီး လေ့လာလိုသူများ စာအုပ်ပုံများကို ထောက်ကာ Download ဆွဲ ပြီးလေ့လာနိုင်ပါပြီ။

1. Creating a More Human Workplace Where Employees and Business Thrive
http://zipansion.com/2Ifwx

 2. Cultural Intelligence: The Essential Intelligence for the 21st Century

http://zipansion.com/2Ig24

 3. Shaping an Ethical Workplace Culture

http://zipansion.com/2Ig70

4. Leading Effective Change: A Primer for the HR Professional

http://zipansion.com/2IgAR


Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily







Adobe Indesign CS6 ကို အိမ်မှာပဲ Video File တွေကြည့်ပြီး လေ့လာကြမယ်။

Adobe Indesign Software ကတော့ posters, flyers, brochures, magazines, newspapers, presentations, books and ebooks စတာတွေကို ဖန်တီးတဲ့ နေရာမှာ အသုံးပြုကြပါတယ်နော်။ Graphic designers နှင့် production artists ပိုင်းကို စိတ်ပါဝင်စားတဲ့ သူတွေအနေနဲ့ သင်ယူ လေ့လာထားသင့်တဲ့ Software ဖြစ်လို့ ကိုယ်တိုင် Self Learning လုပ်လို့ ရအောင် Video လေးတွေ Download ရယူနိုင်ပါပြီ။ Video တွေကိုတော့ ဈာန်သစ် ကြော်ငြာတံဆိပ်ရိုက် နှင့် ကွန်ပျူတာ သင်တန်းမှ ကူးယူပေးထားတာဖြစ်ပါတယ်။


PCloud ကနေ Download ရယူရန် >>>> Download Here

MediFire ကနေ Download ရယူရန် >>>> Download Here

Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily



Wednesday, July 11, 2018

The subtle art of not giving a F*ck ဂရုမစိုက်ခြင်း အနုပညာ


"အချိန်တိုင်း ဖြူစင်နေဖို့ လိုသလား?" ဆိုရင် "ဟင့်အင်း "လို့ပဲ ဖြေမယ် ...
အမြဲတမ်း လိမ္မာပြနေရတာဟာ အမြဲတမ်း ပျင်းဖို့ကောင်းတယ် ...
လူလိမ္မာလို့ သတ်မှတ်ခံရမယ့် အခွင့်အရေးထဲမှာ
ကိုယ့်လွတ်လပ်မှုကို အဆုံးမစီရင်ပစ်နိုင်ဘူး ...

ဘဝကို တစ်ဖြောင့်တည်းဆွဲရတာ သိပ်ပျင်းစရာကြီးပဲ…
ခေါက်ရိုးကျိုး ရိုးအီနေတဲ့ ပုံစံခွက်တွေနဲ့ပဲ တသမတ်ကြီး
လျှောက်မနေချင်ဘူး ...
ပြောင်းလဲနေမယ့် ထောင့်ချိုးတွေ၊ အကွေ့အကောက်တွေကို သဘောကျတယ် ...
ကိုယ့်ကိုယ်ကိုယ် Version ပြောင်းနေရတာကြိုက်တယ် ...
သူများကြိုက်မယ့် Version ကိုတော့ လိုက်ပြီးပြောင်းလဲမပေးနိုင်ဘူး ...
လိုအပ်ရင် ကိုယ့် Version ကို သူတို့ သဘောကျလာအောင်ပဲ လုပ်တယ် ...

စာအုပ်ဆိုင်တွေမှာ အရောင်းပြတ်တဲ့အထိ ရောင်းကောင်းနေတဲ့စာတစ်အုပ်ပါ။ Top Ten မှာ တင်ဖို့ စာတစ်အုပ်တောင် မချန်နိုင်တဲ့အထိ ရောင်းကောင်းနေတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ 

The subtle art of not giving a F*ck 
Mark Manson
http://zipansion.com/2AKwM




ဂရုမစိုက်ခြင်းအနုပညာ
ချမ်းမြေ့ဝင်း

http://zipansion.com/2AKvC


Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
 
Your Lovely Emily

တစ်လ ၀င်ငွေ ဘယ်လောက်ရသင့်ပြီလဲ



Meeting ခန်းတစ်ခု အတွင်းတွင် ဖြစ်သည်။ MD မှ ယခုလမှ စတင်ပြီး ၀န်ထမ်းတွေ လစာ တိုးမြှင့် ခံစားရမည်ဖြစ်ကြောင်း ကြေငြာချက်နှင့်အတူ Meeting ခန်းသည် သာမာန်ထက် လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားသည် ထင်မိသည်။ မိမိတို့ဝန်ထမ်းတွေကို အသိအမှတ်ပြုခံရသည့် ပီတိနှင့်အတူ တိုးမြှင့်ရမည့် လစာငွေအတွက် စိတ်ဝင်တစားရှိလှသည်။ အစည်းအဝေးအဆုံးတွင် MD က ဘာမေးစာရှိသေးလဲ ဟု မေးမြန်းရာတွင် ၀န်ထမ်းအမျိုးသမီးတစ်ယောက်က ၀မ်းပန်းတသာဖြင့် ကျွန်မတို့ လစာ ဘယ်လောက်အထိ တိုးရကြမှာပါလဲ ဟု မေးလိုက်သည်။ ဒီအချိန်တွင် အားလုံး သိချင်နေသော မေးခွန်းကို သူမက မေးလိုက်ပေမယ့် အဖြေကတော့ မထင်မှတ်ထားသော တစ်သက်မမေ့နိုင်သော သင်ခန်းစာ ရခဲ့တဲ့ အဖြေ ဖြစ်ခဲ့ပါတယ်။

" ကိုယ့်ကိုကိုယ် ဘယ်လောက်အထိ တိုးရသင့်ပြီလို့ ထင်ပါသလဲ တဲ့"

ဒီစကားတစ်ခွန်းဟာ အတွေးတွေများစွာ ရခဲ့တယ်၊ ဘ၀အတွက်လည်း မှတ်သားစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့ အလုပ်လျှောက်ကြတယ် ဒီလိုနဲ့ လုပ်ငန်းတွေဘက်က သတ်မှတ်ပေးတဲ့ လစာဝင်ငွေတွေကိုပဲ ရကြရတယ်။ ဒါကတော့ ပညာသင်ရမယ့်အနေအထား အလုပ်သင် ပေါက်စလေးတွေ ဘ၀မှာတော့ ငြင်းဆန်လို့ မရပေမယ့်။ မိမိကိုယ်တိုင် နေရာအနေအထား တစ်ခု ရောက်လာတဲ့ အခါမှာတော့ မိမိရသင့်တဲ့ လုပ်ခလစာကို မိမိကိုယ်တိုင်ကသာ သတ်မှတ်ခွင့်ရရှိရမှာ ဖြစ်ပါတယ်။

မိမိရောက်နေတဲ့ နေရာ မိမိယူရမယ့်တာဝန် စတာတွေနဲ့ ယှဉ်ပြီး မိမိအတွက် ထိုက်သင့်တဲ့ အဖိုးအခကို ရခွင့် ရှိရပါမယ်။ ဒီလိုမျိုး သတ်မှတ်ခွင့် ရနိုင်အောင်လည်း မိမိကိုယ်တိုင်က တန်တဲ့ Service တစ်ခု ပြန်ပေးနိုင်အောင် ကြိုးစားထားဖို့ လိုပါတယ်။

မိမိကိုယ်ကို ရောင်းကုန်တစ်ခုလို စဉ်းစားကြည့်ကြရအောင်။ ၀ယ်ယူသူ တွေအနေနဲ့ အများနဲ့တူနေတဲ့ အရာတွေအတွက် ထူးထူးခြားခြား ဘယ်သူမှ ပေးပြီး ၀ယ်ချင်ကြမှ မဟုတ်ပါဘူး။ မိမိထုတ်ကုန် တစ်ခု ၀န်ဆောင်မှု တစ်ခု ကို တန်ရာတန်ကြေးနဲ့ မြင်သူတစ်ကာ လိုချင်ဖို့ဆိုရင်တော့ ၀ယ်ယူသူကို ဆွဲဆောင်နိုင်ဖို့ အများနဲ့မတူတဲ့ အရည်အချင်းတွေပြသနိုင်ဖို့တော့ လိုပါလိမ့်မယ်။

နောက်တစ်ခုကတော့ မိမိတန်ဖိုးကို အသုံးဝင်မယ့်၊ အသုံးပြုတတ်မယ့်၊ တန်ဖိုးထားတတ်မယ့် အလုပ်ခွင်ကို ရှာဖွေနိုင်ဖို့လည်း လိုအပ်ပါတယ်။ 

မိမိရဲ့တန်ဖိုးဆိုတာ မိမိရဲ့ ၀န်ဆောင်မှု အထူးသဖြင့် မိမိအရည်အချင်းနဲ့ မိမိပေးရမယ့် အချိန်၊ မိမိ စိုက်ထုတ်ရမယ့် စွမ်းအင်တွေကို ကိုယ်စားပြုထားတာဖြစ်လို့ မိမိတန်ဖိုးကို မိမိသတ်မှတ်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

Your Lovely Emily

Tuesday, July 10, 2018

Chart of Accounts တည်ဆောက်ခြင်း




Chart of Accounts ဆိုတာ ဘာလဲ ?
Chart of Accounts ဆိုတာ လုပ်ငန်းတစ်ခုအတွက် အသုံးပြုရမယ့် စာရင်းခေါင်းစဉ်တွေကို အစီအစဉ် တကျရေးချပြီး စာရင်းပြုစုထားခြင်းပါပဲ။ မိမိလုပ်ငန်း အခုလည်ပတ်နေတာကော အနာဂတ်မှာ လည်ပတ်လျှင် လိုလာမယ့် စာရင်း ခေါင်းစဉ်တွေကို သတ်မှတ် စာရင်းပြုစုရတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အခြေခံဘယ်လိုလုပ်ငန်းမျိုးလဲ၊ ငွေနဲ့ ပတ်သတ်ပြီး ဘယ်လိုအသုံးစရိတ်တွေ၊ ဘယ်လို ၀င်ငွေအမျိုးအစားတွေ ရှိမလဲ၊ ငွေနှင့် မဆိုင်တဲ့ ဘယ်လို စာရင်းမျိုးတွေ ထားရှိရမလဲ စသည်ဖြင့် ကြိုတင် သတ်မှတ်ပြီး အစီအစဉ်တကျ စာရင်းပြုစုထားတာ ဖြစ်ပါတယ်။

ဘာကြောင့် လိုတာလဲ ?
စာရင်းရေးသွင်းမှုမှာ မြန်ဆန်၊ မှန်ကန်စေရန် နှင့် Financial Reports များကို မြန်မြန်ဆန်ဆန် အသေးစိတ်တိတိကျကျဖြစ်စေရန် အတွက် လိုအပ်ပါတယ်။ Financial Report တွေကို ကြည့်ပြီး ဆုံးဖြတ်ရတဲ့ Owner တွေ Director တွေအတွက် တိကျသေချာတဲ့ စာရင်းခေါင်းစဉ်တွေ ရှိဖို့ လိုအပ်ပါတယ်။  

ဘယ်လိုတည်ဆောက်ကြမလဲ ?
လည်ပတ်နေပြီးသား လုပ်ငန်းတွေအနေနဲ့ကတော့ ယခင် Trial Balance ကို ကြည့်ပြီး လိုအပ်သည်များ ထပ်မံ့ ဖြည့်စွက်ကာ Charts of Account ကို သတ်မှတ်ကြပါတယ်။ မိမိအနေနဲ့ စနစ်တကျ စတင်တည်ဆောက်တော့မယ် ဆိုရင်တော့ လုပ်ငန်းရဲ့ လည်ပတ်ပုံ အခြေအနေကို စတင် လေ့လာရပါမယ်။ စာရေးသူကတော့ အဓိကအားဖြင့် မိမိလိုချင်တဲ့ ပန်းတိုင်ကနေ စပြီး စဉ်းစားပါတယ်။ P&L နှင့် BS က Final Report တွေ ဖြစ်တဲ့ အတွက် Final Report ဆိုတဲ့ အဖြေရအောင် ဘယ်လို မေးခွန်းမျိုးတွေ လိုအပ်မလဲ မိမိကိုယ်ကို ပြန်လည် မေးခွန်းထုတ်ရပါမယ်။ ဒါဆိုရင်တော့ လိုချင်တဲ့ စာရင်းတွေ ကို စနစ်တကျ ချရေးလိုက်ရင် အဖြေဖြစ်တဲ့ P&L နဲ့ Balance Sheet ကို ရဖို့ နီးစပ်သွားပြီပေါ့။ စနစ်တကျ ဘယ်လို တည်ဆောက်ကြမလဲ?
သက်ဆိုင်ရာ Acc တိုင်းမှာ Account Code ရှိရပါမယ်။ ဒါမှသာ Acc မှားသွင်းမိတဲ့ အခြေအနေမျိုး မဖြစ်အောင်လို့ပါ။ စာရင်းသွင်းရာမှာလည်း Account Code နဲ့ဆိုရင် Ledger တွေအများကြီးထဲက ပိုပြီးတော့ မြန်မြန်ဆန်ဆန် မိမိစာရင်းသွင်းမယ့် Account ကို ရှာတွေ့နိုင်ပါတယ်။
 Account Heading ရှိရပါမယ်။ မိမိသတ်မှတ်ထားတဲ့ Acc က ဘယ် Report ရဲ့ ဘယ် Acc အမျိုးအစား အောက်ကလဲ သိရှိအောင်လို့ပါ။
Account Name ရှိရပါမယ်။ ဒါကတော့ မိမိသတ်မှတ်ထားတဲ့ Acc ရဲ့ နာမည်ပါ။
Account Definition ရှိသင့်ပါတယ်။ ဒါကတော့ မိမိမှမဟုတ် အခြားသူတွေ စာရင်းသွင်းရာမှာ ဘယ်လို ကိစရပ်မျိုးက ဒီ Acc Name မှာ စာရင်းသွင်းသင့်လဲ ဆိုတဲ့ ပုံစံမျိုးပါ (ဥပမာ - Stationery & Office Supplies ဆိုတဲ့ ခေါင်စဉ်အတွက် ရုံးသုံးစာရေးကိရိယာဝယ်ယူခြင်း၊ ရုံးသုံး တံမြက်စည်း၊ ခြေသုတ်သဘက်၊ သန့်စင်ခန်းသုံး ပစည်း စသည့် အသေးသုံးများ စာရင်းသွင်းရန် ဆိုတာမျိုး အသေးစိပ် မှတ်ပေးထားတဲ့ ပုံစံပါ။) တစ်ချို့ ခေါင်းစဉ်တွေအတွက် ခေါင်းစဉ်လေး ကြည့်လိုက်ယုံနဲ့ ဘယ်အခြေအနေတွေ အတွက် သုံးမလဲ ဆိုတာ သိနိုင်ပေမယ့် တစ်ချို့ Account Name တွေက ဆင်တူယိုးမှား ဖြစ်နေတာမျိုးတွေ ရှိတတ်လို့ တိတိကျကျ Usage လေး ထည့်ပေးရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။


အကြမ်းစဉ်းစားပြီး ချရေးကြည့်တဲ့ ပုံစံကို လေ့လာကြည့်ကြရအောင်….
Balance Sheet Accounts
Asset Accounts
  • 101 Bank/Cash at Bank
  • 102 Cash
  • 108 Deferred Expense
  • 110 Other A52312
  • 112 Accounts Receivable
  • 116 Supplies
  • 130 Prepaid Insurance
  • 157 Equipment
  • 158 Accumulated Depreciation Equipment

Liability Accounts
  • 200 Notes Payable
  • 201 Accounts Payable
  • 209 Unearned Service Revenue
  • 230 Interest Payable
  • 231 Deferred Gross profit
Equity Accounts (for sole proprietorship and partnerships)
  • 300 Owner's capital
  • 311 Share Capital-Ordinary
  • 320 Retained Earnings
  • 330 Capital contributions
  • 332 Dividends
  • 350 Income Summary
  • 360 Drawings (Distributions)
Equity Accounts (for corporations)
  • 300 dividend
  • 310 Capital in excess of par
  • 330 Retained earnings
Profit & Loss Accounts
Revenue Accounts
  • 400 Rental Income
  • 410 Sales Income
  • 420 Interest Income
Expense Accounts
  • 570 Office Expense
  • 585 Computer Expenses
  • 595 Communication Expense
  • 597 Labour & Welfare Expenses
  • 610 Advertising Expenses
  • 599 Printing & Stationery Expenses
  • 631 Supplies Expense
  • 711 Depreciation Expense
  • 722 Insurance Expense
  • 726 Salaries and Wages Expense
  • 729 Rent Expense
  • 732 Utilities Expense

ချရေးထားတဲ့ ပုံစံကို တစ်ဆင့်ခြင်းလေ့လာကြည့် လျှင် မြင်သာပါတယ်။ ပထမ Balance Sheet က Asset တွေကို စပြီးတော့ စဉ်းစားသွားတယ်။ ငွေ acc ထားမယ်၊ လုပ်ငန်းပိုင် Bank Acc ဖွင့်မယ်ဆိုရင် Bank ထားမယ်၊ တစ်ချို့ လုပ်ငန်းတွေမှာ အသေးသုံး Petty Cash ကို သီးသန့်ထားပြီး Balance Sheet Report မှာ ဖော်ထားချင်ရင် Petty Cash A/C သီးသန့် ထားတာ မျိုးတွေလည်း ရှိပါတယ်။ အဓိကက လုပ်ငန်းလိုအပ်ချက်နဲ့ Report ကြည့်ရမယ့် Management သမားတွေ လိုအပ်ချက်ကို တိုင်ပင်ပြီးတော့ ထားကြပါတယ်။ နောက်တော့ Liability ၊ Equity စတဲ့ acc တွေကို လိုအပ်သလို စဉ်းစားရမယ်။
Balance Sheet အတွက် စာရင်းတွေ ပြီးသွားရင်တော့ Profit & Loss အတွက် စဉ်းစားမယ်။ မိမိစာရင်းဆွဲမယ့် လုပ်ငန်းက ဘယ်လို အမျိုးအစားလဲ Service၊ Manufacturing၊ Trading စသည်ဖြင့် ခွဲခြားပြီး လိုအပ်တဲ့ စာရင်းတွေ ကို Report ရဲ့ လိုအပ်ချက်အတိုင်း တစ်ဆင့်ခြင်း စဉ်းစားပြီး ရေးချသွားရင် ရပါပြီ။
Account Code တွေ သတ်မှတ်ထားတာကတော့ စာရေးသူ ဥပမာ ပြထားသလို သတ်မှတ်မယ်ဆိုရင် 100 ကျော်တွေက Asset ၊ 200 ကျော်တွေဆို Liability စသည်ဖြင့် Account Code ကြည့်ယုံဖြင့် ဘာစာရင်းလည်း ခွဲခြားလွယ်အောင် သတ်မှတ်ထားတာဖြစ်ပါတယ်။
ဖြစ်နိုင်ရင်တော့ ဒီလိုမျိုး ချရေးမယ့်အစား Excel လေးနဲ့ ဇယားလေး တစ်ခု တည်ဆောက်ပြီး Usage တွေကိုပါ သေချာ ထည့်သွင်းရေးသားမယ်ဆိုရင်တော့ တိတိကျကျနဲ့ တကယ်ကို ပြီးပြည့်စုံတဲ့ Chart of Account တစ်ခု တည်ဆောက်ပြီး ဖြစ်ပါလိမ့်မယ်။

နမူနာ Chart of Account Excel File ကို Download ရယူ လေ့လာနိုင်ပါတယ်။

P Cloud ဖြင့် Download ရယူရန်
http://zipansion.com/28mZD 

MediaFire ဖြင့် Download ရယူရန်

http://zipansion.com/2A4sJ


Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။
Your Lovely Emily

ဆက်လက်လေ့လာရန်-
Single-entry bookkeeping system
Double-entry bookkeeping system

Monday, July 9, 2018

ရောမဂဏန်း ရေးကြမယ်။

ရေမဂဏန်းရေးသားခြင်းကို အဓိကအားဖြင့် အစိုးရ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်း တွေမှာ တွေ့မြင်ကြရတာများပါတယ်။ စိတ်ဝင်စားသူတွေအဖို့ လေ့လာလို့ရအောင် လေ့လာရသလောက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ရောမဂဏန်း ရေးသားခြင်းနဲ့ ပတ်သတ်ပြီး ကျွန်မတို့တွေ အလွယ်တကူ အနေဖြင့် ၁ မှ ၁၀ အထိ ရေးသားခြင်းကို တော့ အများစု သိကြပါတယ်နော်။

I, II, III, IIII, V, VI, VII, VIII, VIIII, X.

ဒီထက်ပိုပြီးတော့ ၁ ကနေ ၁၀၀ အထိ ရေးသားခြင်းကို လေ့လာကြည့်ကြရအောင်။


နောက်တစ်ခုကတော့ ၁ ကနေ ၁၀၀ အထိ ကျွမ်းကျွမ်းကျင်ကျင်ရေးသားတတ်ပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ထပ်ပြီးလေ့လာကြည့်ကြရအောင်။






အရှေ့က ဂဏန်းတွေကိုပဲ လိုအပ်သလို ပြန်လည် အစားထိုးပေးပြီး ရေးသွားသွားရင် ထောင်ဂဏန်းအထိ လည်း ရေးသားလို့ရပါပြီနော်။





အထက်ပါ ပုံကတော့ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း ဂဏန်းတွေကို အလွယ်တစ်ကူ ရေးသားနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ပုံလေးတွေနဲ့ သေချာ လေ့လာကြည့်ပြီး Roman Number ကို ၁ သောင်းအထိ ကောင်းကောင်း ရေးတတ်သွားနိုင်ဖို့ ကြိုးစားကြည့်ပါနော်။


Post နဲ့ ပတ်သတ်ပြီး ဆွေးနွေး အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။

Your Lovely Emily

Movie Time - The Accountant


မကြည့်ရသေးတဲ့ သူတွေ အတွက် Download Link တင်ပေးထားပါတယ်။


Batmanမင်းသား Ben Affleck ရဲ့ Action Thriller အမျိုးအစားရုပ်ရှင်ပါ။

ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘ၀မှာ High Functioning Autism(ဥာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့ သချာင်္ဥာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခ၀ါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။

ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်လိုက်ပါနော်။

Credit - Channel Myanmar

http://zipansion.com/28Wgt

Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။

Your Lovely Emily
 

Friday, July 6, 2018

Adobe Pagemaker အသုံးပြုပုံပြုနည်း အသေးစိတ် PDF


Adobe Pagemaker အသုံးပြုပုံပြုနည်း အသေးစိတ် အပြင် Print ထုတ်နည်းရော Shotcut key တွေရောအစုံပါလို့ လိုအပ်တဲ့ သူတွေ Download ဆွဲပြီး လေ့လာနိုင်ပါတယ်။

http://zipansion.com/235nF

Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Blog လေးကို ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။

Your Lovely Emily

Thursday, July 5, 2018

မိမိလုပ်ငန်းအတွက် Excel ဖြင့် နေ့စဉ်စာရင်းတွေမှတ်ရင်း လစဉ် အရှုံးအမြတ်စာရင်းကြည့်မယ်



Bookkeeping ကို အခြေခံလေ့လာဖို့ အချိန်မရှိသေးဘူး၊ Debit / Credit တွေ မလေ့လာနိုင်သေးဘူး၊
ဒါပေမယ့်လည်း Excel လေး နားလည်ပြီး ကိုယ့် ကိုယ်ပိုင် လုပ်ငန်းအတွက် စာရင်းလေးတွေ မှတ်ချင်တယ်။ လစဉ် အရှုံး/ အမြတ် စာရင်းလေးတွေလည်း အကြမ်းဖြစ်ဖြစ် ကြည့်ချင်တယ် လို့ တောင်းဆိုလာတဲ့ မိတ်ဆွေတွေအတွက်။ Excel Template လေး စီစဉ်ပေးထားပါတယ်။ Download လုပ်ပြီး အသုံးပြုကြည့်စေချင်ပါတယ်။

Excel Template Download ရယူရန်

http://zipansion.com/21UBT




နမူနာ စာရင်းသွင်းထားပုံ လေ့လာရန်

http://zipansion.com/21UKX




P Cloud နဲ့ ဒေါင်းရတာ အဆင်မပြေတဲ့ သူတွေအတွက် MediaFire ကနေ ဒေါင်းကြည့်ပေးပါရှင့်

Excel Template Download ရယူရန်

http://zipansion.com/2A4j0


နမူနာ စာရင်းသွင်းထားပုံ လေ့လာရန်

http://zipansion.com/21UKX




Download လုပ်တာ အဆင်မပြေလိုပဲ ဖြစ်ဖြစ်၊ Template လေးကို သုံးရတာ အဆင်မပြေလို့၊ နားမလည်လို့ပဲ ဖြစ်ဖြစ် အောက်မှာ Comment ချန်ထားခဲ့နိုင်ပါတယ်နော်။ နောက်ထပ်လည်း ဒီလို အသုံးတည့်တဲ့ အရာလေးတွေကို မျှဝေပေးနေမှာ ဖြစ်လို့ My Learning Diary ရဲ့ Facebook Page လေးကို Like & See First လုပ်ထားကြဖို့ကိုလည်း အကြံပေးချင်ပါတယ်။

Your Lovely Emily

Wednesday, July 4, 2018

အရောင်းဝန်ထမ်းတွေ ၊ ကိုယ်တိုင်ဈေးရောင်းနေသူတွေ ကျင့်သုံးရမယ့် 5s


ကျွန်မတို့နိုင်ငံမှာ အားအနည်းဆုံး Customer Service လုပ်ငန်းကို S ငါးလုံးနဲ့ မြှင့်တင်ကြည့်ကြရအောင်ပါ။ ကိုယ်ပိုင်အရောင်းဆိုင်တွေပဲ ဖြစ်ဖြစ်၊ အရောင်းဝန်ထမ်းတွေ အနေနဲ့ပဲ ဖြစ်ဖြစ် အဓိကအားဖြင့် နေရာတော်တော်များများမှာ ဒီ s ငါးလုံး အားနည်းလို့ ၀ယ်ယူသူအနေနဲ့ စိတ်တိုင်းကျ၊ စိတ်ကျေနပ်မှု မရကြတာများပါတယ်။ အပြိုင်အဆိုင်မရှိသေးခင်မှာ မသိသာပေမယ့် အပြိုင်အဆိုင်တွေများလာတဲ့ ဒီခောတ်မှာ Sale အပိုင်းကို ကြိုတင်ပြင်ဆင်ထားဖို့ဆိုရင် s ငါးလုံးကို လေ့လာဖို့ လိုနေပြီနော်။ ဒီလောက်အရေးပါတဲ့ s ငါးလုံးက ဘာတွေလဲ လေ့လာကြည့်ကြရအောင်

(1) Smart - Sale person တစ်ယောက်ရဲ့ ပထမဆုံးမရှိမဖြစ်လိုအပ်ချက်တစ်ခုပါ. ရုပ်ဆိုးတာ ရုပ်ချောတာ ကံတရားပါ. မိမိ ကိုယ် ၀တ်စားဆင်ယဉ် မှု့ အပြင် ခေါင်းအစ ခြေအဆုံး သန့်ရှင်း သပ်ရပ်နေဖို့ အရမ်း အရေးကြီးပါတယ်.. ဒါကို ကျနော်တို့ အနေနဲ့ First Impression လို့ ခေါ်ပါတယ်. အရောင်းသမား တစ်ယောက် ကို customer က မြင်မြင်ချင်း မှာ ကျေနပ် နှစ်သိမ့်မှု့ ယုံကြည်မှု့တွေ ဖြစ်လာပြီဆိုတာနဲ့ ၂၀% အောင်မြင်သွားပါပြီ။

(2) Smile - ပြုံးပါ. စကားပုံတစ်ခု ရှိပါတယ် “သင် နည်းနည်းလေးပေးလိုက်ပေမဲ့ တစ်ဖက်သားမှာ အများကြီး ရသွားတာ သင့် အပြုံးပါ ”. အရောင်းသမား တစ်ယောက်အနေ နဲ့ မရှိမဖြစ် လုပ်ဆောင်ရမဲ့ အဆင့် တစ်ခုပါ၊ ပြုံးရွှင်ပြီး လာတဲ့ သူကို မည်သူမဆို ကြိုဆိုနေမှာ သေချာပါတယ်. ကဲ သင် နောက်ထပ် ၂၀% အောင်မြင်သွားပါပြီ။

(3) Say - ပြောပါ. သင့်ရဲ့ စကားပြောဆိုမှု့တိုင်းမှာ တစ်ဖက်သား ကို စိတ်ဝင်စားဖွယ် စွမ်းဆောင်ရည်တွေ ပါဝင်နေတယ် ဆိုတာ မမေ့ပါနဲ့၊ အရောင်းသမားကောင်း တစ်ယောက်သည် အပြောကောင်းသမား တစ်ယောက် ဖြစ်ရပါမည်။ စကားလုံးတိုင်းသည် ရှင်းလင်းပြတ်သားနေပြီး ထိရောက်ပြီး ကောင်းမွန်သေသပ်နေရပါမည်။ ဒါဆိုသင် နောက်ထပ် ၂၀% အောင်မြင်နေပါပြီ။

(4) Serve - မိမိ လိုရင်းထက် Customer ရဲ့ လိုအပ်ချက် နဲ့ အကျိုးအမြတ်များကို အရင်ရှင်းပြ ပြောဆိုနှိုင်ရမည်။ အင်မတန် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ပါသည်။ တစ်ချို့သော အရောင်းသမားများ သည် မိမိ ကုန်ပစ္စည်းကောင်းမွန်ပုံကို အရမ်းအမွန်းတင်ပြောဆိုမိခြင်း၊ မိမိ ကိုယ်ရည်သွေးများကို အရမ်း တင်စား ပြောဆိုခြင်း၊များ ရှိပြီး ၊ တစ်ဖက်သား ရဲ့ လိုအင် နဲ့ လိုအပ်ချက် ကို ဦးစားပေးနှိုင်မှု့ အားနည်းပါသည်။ သတိပြုစေချင်ပါသည်။ ဒီအဆင့် ကို သင်ပြည့်စုံ တယ်ဆိုရင် နောက်ထပ် ၂၀% အောင်မြင်လာပါပြီ။

(5) Sale နောက်ဆုံးအဆင့် ရောင်းချခြင်းအပိုင်းသို့ရောက်လာပြီ ဖြစ်ပါသည်. ထိုအခါ ပထမပြောခဲ့သော S ..A..L..E တစ်လုံးခြင်းစီ ရဲ့ အားတွေကို သိရှိပြီး ရောင်းချနှိုင်ပါက သင့် အရောင်းသည် ၁၀၀% ပြည့်မှီ အောင်မြင်ပြီ ဖြစ်ပါသည်။

Tuesday, July 3, 2018

ထိုင်းရဲ့တစ်​ချက်​ခုတ်​အချက်​ချက်​ပြတ်​ Marketing ကြောင့် ​ခေတ်​သစ်​ထိုင်း​ကြော်​ငြာနည်းလမ်းသစ်​များ ဖြစ်နေမလား???


ထိုင်းက​ပျောက်​​နေတဲ့က​လေး​တွေ​တော့ပြန်​​တွေ့သွားပါပြီ

ဒီအ​ပေါ်မှာဒါဟာ လိမ်​ဆင်​ကြီး ဂျင်းအကွက်​ကြီး လို့ထင်​​နေသူ​တွေလဲရှိ​နေပါတယ်


ဘယ်​လိုပဲဖြစ်​ဖြစ်​ပါ က​လေး​တွေ​တွေ့သွားပြီမို့အားလုံးပြုံး​ပျော်​နိုင်​ကြပြီး မိသားစု​တွေလဲစိတ်​​အေး ထိုင်းနိုင်​ငံလူ​တွေ​ကော တစ်​ကမ္ဘာလုံးကစိတ်​ဝင်​စားတဲ့သူ​တွေပါ စိတ်​​အေးကြရပါပြီ
အဲ့​တော့ ဒီ က​လေး​ပျောက်​ရှာပုံ​တော်​က​နေ ဘာ​တွေအကျိုးအမြတ်​ရသလဲ ကြည့်​ရ​အောင်​ပါ

၁ ထိုင်းစစ်​အစိုးရ နာမည်​ရသွားပါတယ်
ထိုင်းစစ်​အစိုးရ ဟာ ပြည်​သူ​တွေနဲ့အတူရှိ​နေတယ်​ဆိုတာကို သက်​​သေပြသွားနိုင်​ခဲ့ပါတယ်

၂ ထိုင်းနိုင်​ငံရဲ့လူသားအ​ပေါ်အ​လေးထားမှု
ပုံမှန်​ဆို ​တော်​ရုံလူ​ပျောက်​မှုကို ဒီ​လောက်​နိုင်​ငံ​တော်​အဆင့်​ နဲ့ရှာမှာ မဟုတ်​​ပေမယ့်​ ခုအခါမှ​တော့ နိုင်​ငံ​တော်​အဆင့်​ ရှာ​ဖွေမှုကြီးလုပ်​ခဲ့တဲ့အတွက်​ ထိုင်းအစိုးရကလူသား​တွေအ​ပေါ်​လေးစားမှုရှိ​ကြောင်း သိသာသွား​စေပါတယ်

၃ ထိုင်းစစ်​တပ်​အ​ပေါ်ပြည်​သူ​တွေရဲ့ ယုံကြည်​ကိုးစားမှု
လက်​ရှိထိုင်းစစ်​အစိုးရက ကယ်​ဆယ်​​ရေးကို မြန်​မြန်​ဆန်​ဆန်​ပဲ နိုင်​ငံ​တော်​အဆင့်​သတ်​မှတ်​လိုက်​တာ​ကြောင့်​ ပြည်​သူရဲ့ယုံကြည်​ကိုးစားခြင်းကို စစ်​အစိုးရ​ကော ထိုင်းစစ်​တပ်​​ကောရရှိသွားပါတယ်​။ ဒီအချက်​ဟာ လက်​ရှိဝန်​ကြီးချုပ်​အတွက်​ ​နောက်​​ရွေး​ကောက်​ပွဲ မှာ အားသာ​စေမယ့်​အချက်​ဖြစ်​သွား​တော့မှာပါ

၎ ခရီးသွားလုပ်​ငန်းတိုးတက်​​ရေး
စစ်​အစိုးရ အာဏာသိမ်းပြီး​နောက်​မှာ ထိုင်းခရီးသွားလုပ်​ငန်းနဲ့ပတ်​သက်​တဲ့ အရာအားလုံးဟာ ကျဆင်းသွားခဲ့ပါတယ်​ ဒါ​ပေမယ့်​ခု အဖြစ်​အပျက်​​ကြောင့်​ ခရီးသွားလုပ်​ငန်းပြန်​လည်​တက်​လာနိုင်​ပြီး ထိုင်းနိုင်​ငံဟာ အာမခံချက်​ရှိတဲ့နိုင်​ငံဖြစ်​​ကြောင်းပြသနိုင်​ခဲ့ပါတယ်

၅ နိုင်​ငံစုံဆက်​ဆံ​ရေး
နိုင်​ငံတကာ ဆက်​ဆံ​ရေးမှာလဲ ဒီက​လေး​ပျောက်​ရှာဖို့ US UK Lao China Myanmar စတဲ့နိုင်​ငံ​တွေနဲ့ပူး​ပေါင်းခဲ့လို့ ထိုင်းစစ်​အစိုးရ ဟာ နိုင်​ငံတကာ ဆက်​ဆံ​ရေးမှာလဲ အဆင်​​ပြေတဲ့ဘက်​ကို ဦးတည်​သွားနိုင်​ခဲ့ပါတယ်

၆ ကမ္ဘာမှာ​နေရာရမှု
ထိုင်းနိုင်​ငံဟာ ဘုရင်​ဘူမိ​ဘော နတ်​ရွာစံပြီးကတည်းက ကမ္ဘ့သတင်း​တွေမှာ​မေ့​မေ့​ပျောက်​​ပျောက်​ဖြစ်​​နေခဲ့တာပါ ခုချိန်​မှာ​တော့ က​လေး၁၃​ယောက်​​ပျောက်​မှု​ကြောင့်​ ကမ္ဘ့ာသတင်း​တွေမှာ​ဝေ​ဝေဆာဆာ​နေရာယူနိုင်​ခဲ့ပါတယ်​ ​​ကြော်​ငြာ​နေရင်​​တောင်​မှ ​ကြော်​ငြာခ​ပေးရဦးမယ်​ ခုက ​ကြော်​ငြာစရာမလိုဘဲ သတင်း​တွေ​ဝေ​ဝေဆာဆာ​ဖော်​ပြ​နေရ​တော့ ကမ္ဘာ့ သတင်း​တွေမှာ ​နေရာယူနိုင်​ခဲ့တာ​ပေါ့

၇ ထိုင်းဘုရင်​အသစ်​ရဲ့သ​ဘောထား
ထိုင်းဘုရင်​သစ်​ဟာလဲ နန်းသိမ်းပွဲခံပြီးကတည်းက လှုပ်​ရှားမှုမရှိရာက​နေ ဒီသတင်း​ကြောင့်​ပဲ ဘုရင့်​ရဲ့ ကရုဏာကြီးမားမှုကိုတစ်​ဖက်​တစ်​လမ်းက​ဖော်​ပြခွင့်​ရသွားနိုင်​ခဲ့ပါတယ်

၈ မိုင်းဖုန်းဆရာ​တော်
ဆရာ​တော်​က​တော့ ဒီအဖြစ်​ပျက်​က​နေ ပိုပြီးသတင်း​မွှေးသွား​စေခဲ့ပါတယ်​။ ဗုဒ္ဓဘာသာဝင်​​တွေရဲ့ ကိုးကွယ်​ဆည်းကပ်​မှုကို ပိုရ​စေမှာပါ

၉ ဒေသအကျိုးစီးပွား
ဒီက​လေး​တွေဝင်​​ရောက်​သွားတဲ့ ဂူရှိရာနတ်​သမီးလဲ​လျောင်း​တောင်​ဟာလဲ သတင်း​မွှေးပြီး ​နောင်​တစ်​ချိန်​မှာ ခရီးသွား​တွေရဲ့အာရုံစိုက်​စရာ လည်​ပတ်​စရာ​နေရာဖြစ်​လာမှာပါ။ ဒါ့အပြင်​ ဘာသာ​ရေးယုံကြည်​ကိုင်းရိုင်းသူ နတ်​ယုံကြည်​သူ​တွေရဲ့ ကိုးကွယ်​စရာ ​နေရာတစ်​ခုဖြစ်​လာပြီး ​ဒေသရဲ့အကျိုးစီးပွား ခရီးသွားလုပ်​ငန်းဟာတဟုန်​ထိုးတိုးတက်​လာ​တော့မှာပါ
ဒါက​တော့ လက်​ရှိထိုင်းအစိုးရရဲ့ က​လေး​ပျောက်​ရှာပုံ​တော်​​ကြောင့်​ ရလာမယ့်​ အကျိုးအမြတ်​​တွေပါပဲ
ဘယ်​လိုပဲဖြစ်​ဖြစ်​ပါထိုင်းအစိုးရဟာ စစ်​အစိုးရကြီးဖြစ်​​နေပါဦး ပြည်​သူချစ်​တဲ့ အစိုးရတစ်​ရပ်​အ​နေနဲ့ အချိန်​အ​တော်​ကြာ ရှိ​နေနိုင်​ဦးမှာဖြစ်​ပါ​ကြောင်း

Credit ANC

ခွင့်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ


HR Department မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မိတ်ဆွေများ နှင့် လိုအပ်သူများ PDF File ဖြင့် Download ရယူနိုင်ပါပြီ။

http://zipansion.com/1xnlF

Your Lovely Emily

ဒီ Blog လေးကို ဝေဖန်အကြံပြုလိုလျှင် Comment Box မှာ စာချန်ခဲ့နိုင်ပါတယ်။ Blog ထဲကဆောင်းပါးအသစ်တွေကို စဉ်ဆက်မပြတ်ပြန်လည်မျှဝေပေးနေတဲ့ My Learning Diary Facebook Page လေးကိုလည်း Like & See First လုပ်ထားကြဖို့ကိုလည်း မမေ့ကြပါနဲ့နော်။